တယ်လီနောနှင့် Huawei ပူးပေါင်း၍ ဆင်းမ်ကတ်နှင့် ဟန်းဆက်ေ၇ာင်းရန် လက်မှတ်ရေးထိုး

တယ်လီနောကုမ္ပဏီနှင့် Huawei ကုမ္ပဏီတို့ ပူးပေါင်း၍ မိုဘိုင်းဟန်းဆက်နှင့်ဆင်းမ်ကတ် များရောင်းချပြီး ဈေးနှုန်းသင့်တင့်သည့်မိုဘိုင်း ဝန်ဆောင်မှုများကို စက်တင်ဘာတွင် ပေးသွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Huawei ကုမ္ပဏီနှင့်ပူးပေါင်း၍ အရောင်းမြှင့် တင်ခြင်း၊ ဈေး ကွက်ရှာဖွေရေးတို့ ဆောင်ရွက် သွားမည်ဖြစ်ပြီး Huawei မိုဘိုင်း ဟန်းဆက်များနှင့် တွဲဖက်၍ ဆင်းမ်ကတ်များ ရောင်းချပေးသွား ရန်လည်းရှိကြောင်း တယ် လီနောမြန်မာကုမ္ပဏီ၏ လူမှုဆက်ဆံရေးတာဝန်ခံကပြောသည်။

‘‘တယ်လီနောရဲ့ မှတ် ကျောက်တင်တဲ့ ပွဲတစ်ခုပါပဲ။ ဒီနေ့လက်မှတ်ရေးထိုးမှုက မြန်မာနိုင်ငံရဲ့ဆက် သွယ်ရေးကြိုးဝိုင်းမှာ ရေရှည်တည်တံ့မယ့် လက်တွဲမှု တစ်ခုရဲ့ စတင်မှုပဲဖြစ်ပါတယ်။ တယ်လီနောနဲ့ Huawei ကအခု ဆိုရင် မိုဘိုင်းစက်ပစ္စည်းဈေး ကွက်မှာ စိတ်ဝင်စားမှုရှိတဲ့ နည်း ဗျူဟာများကို စ တင်ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်’’ ဟု တယ်လီ နောမြန်မာကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg ကပြောသည်။

နော်ဝေးနှင့် တရုတ် ဆက် သွယ်ရေးကုမ္ပဏီကြီးနှစ်ခုသည် သြဂုတ် ၁၃ ရက်က နားလည်မှု စာချွန်လွှာကို ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။ Huawei ကုမ္ပဏီသည်တယ်လီနောမြန်မာ ကုမ္ပဏီ၏ ဒုတိယမြောက်ချုပ်ဆို ထားသည့် မိုဘိုင်းကုမ္ပဏီဖြစ်ပြီး Samsung ကုမ္ပဏီနှင့် ဇွန်လအတွင်းက စာ ချုပ်ချုပ်ဆိုပြီးဖြစ်သည်။

တယ်လီနောကုမ္ပဏီက ၎င်း တို့ရောင်းချပေးမည့်မိုဘိုင်းဆင်းမ်ကတ်များ၊ Samsung မိုဘိုင်း ဟန်းဆက်နှင့် Huawei မိုဘိုင်း ဟန်းဆက်များကို တစ်ပါတည်း ရောင်းချမှုများနှင့် အရောင်းမြှင့် တင်ခြင်းများ ဆောင် ရွက်သွား မည်ဖြစ်သည်။

တယ်လီနောမြန်မာ အနေ ဖြင့် ဗီဒီယိုနှင့်အသံခေါ်ဆိုမှုများ ကိုစမ်းသပ်ပြီးဖြစ်ရာ စက်တင် ဘာမှစတင်၍ မြို့ကြီးများတွင် 3G ဆင်းမ်ကတ်များနှင့် အခြားမြို့များတွင် 2G မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆွေမွန် | 7day



မှတ်ချက်များ