Microsoft က Samsung ကို Android မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အမှုဖွင့်

Microsoft ဟာ Samsung ကို Android မူပိုင်ခွင့်နဲ့ ပတ်သတ်ပြီး အငြင်းပွားစရာ ကိစ္စရပ်တွေအတွက် န ယူးယောက်ပြည်နယ် တောင်ပိုင်းက တရားရုံးမှာ သြဂုတ်လ ၁ရက်နေ့ က အမှုဖွင့်ခဲ့ပါတယ်။

Microsoft ဟာ ဒီအငြင်းပွားမှုတွေအတွက် ဖြေရှင်းဖို့ လပေါင်းများစွာ ကြိုးစားခဲ့ပြီးပါပြီ။

Samsung ဟာ Microsoft က၀ယ်ယူထားပြီးဖြစ်တဲ့ Nokia ရဲ့ ဟန်းဆက်နဲ့ ၀န်ဆောင်မှု နည်းပညာ တွေ အတွက် ၂၀၁၁ က ပညာရပ်ဆိုင်ရာမူပိုင်ခွင့် ကို သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ပါ သဘောတူ ညီချက်များအရ Samsung မှထုတ်လုပ်ရောင်း ချမယ့် Andriod စနစ်သုံး Tablet နဲ့ ဖုန်း တစ်လုံးစီ အတွက် သတ်မှတ် ငွေပမာဏ ကို Samsung က Microsoft ကို ပေးဆောင်ရမှာ ဖြစ်ပါတယ် ။ Microsoft ဟာ အခုအ ချိန်မှာ လွန်ခဲ့တဲ့ ၁ နှစ်အတွင်းက Samsung ဘက်မှ ပေးဆောင်ရန် ပျက်ကွက်ခဲ့တဲ့ ငွေတွေအတွက် အမှုဖွင့် မှာဖြစ်ပါတယ်။

Microsoft ရဲ့ Blog စာမျက်နှာမှာတော့ Samsung ဟာ ၂၀၁၁ ခုနှစ်မှာ စမတ်ဖုန်း အလုံးရေ ၈၂ မီလီယံကို တင်ပို့ရောင်းချခဲ့ပြီး အခုအချိန်မှာ ၃၁၄ မီလီယံ ခန့် ကမ္ဘာတစ်ဝှမ်းလုံးကို တင်ပို့ရောင်းချနေ ကြောင်းကို Samsung ရဲ့ တရားဝင် အချက်အလက်များအရ သိရှိပြီးဖြစ်ကြောင်း Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ရေသားဖော်ပြထားပါတယ်။

Microsoft ဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစတင် ပြီး Andriod နဲ့ Chrome စနစ်တို့ အတွက် ပညာရပ်ဆိုင် ရာမူပိုင်ခွင့်ကို Samsung အပါအ၀င် ကုမ္မဏီပေါင်း ၂၀ ကျော်နဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Mario | Trend Myanmar

မှတ်ချက်များ