နှိပ်စက်၊ အကြမ်းဖက်ပြီး ညစ်ညမ်းရုပ်ရှင်လောကထဲ ရောက်လာစေခဲ့တဲ့ ရည်းစားဟောင်းဟာ သူလျှိုတစ်ယောက်ဖြစ်နေတာသိခဲ့ရတဲ့ Pornစတား
Pornstar Sasha Grey ဟာ သူမကို နှိပ်စက်၊ အကြမ်းဖက်ပြီး ညစ်ညမ်းရုပ်ရှင်လောကထဲ ရောက်လာစေခဲ့တဲ့ ရည်းစားဟောင်းဟာ စစ်ဘက်ဆိုင်ရာ သူလျှိုတစ်ယောက်ဖြစ်နေတာကို သိခဲ့ရပြီး သူမကို အကာအကွယ် ယူခဲ့ခြင်းဖြစ်ကြောင်းနဲ့ သူမရဲ့ရည်းစားဟောင်း သူ့ဆီ ပြန်လာမှာကို ကြောက်နေကြောင်း ပြောပါတယ်။
Sasha Grey ရဲ့ရည်းစားဟောင်း Ian Cinnamon ဟာ သူမကို သူသည် DIA ၀န်ထမ်းတစ်ယောက်ဖြစ်ကြောင်း လိမ်လည်ပြောဆိုထားခဲ့ပြီး ယခုအခါမှာ Sasha Grey ဟာ Cinnamon ကို လိင်မှုဆိုင်ရာ အကြမ်းဖက်ခြင်းကို နှစ်အလိုက် အရေးယူပေးဖို့ တရားရုံးမှာ တောင်းဆို ထားပါတယ်။
Cinnamon ဟာ ရုပ်ပိုင်းဆိုင်ရာ အရ အကြမ်းဖက်တတ်သူတစ်ဦးဖြစ်ပြီး တစ်ခါကလည်း Sasha Grey က သူမရဲ့ညစ်ညမ်းရုပ်ရှင်မှ လုပ်ဖော်ကိုင်ဖက်၏ STD စစ်ဆေးမှုကို မကြည့်လိုက်မိကြောင်း ပြောရာတွင် သူမထံသို့ ဒေါသတစ်ကြီးနဲ့ အရာသထ္ထုများနဲ့ သူမထံကို ပစ်ပေါက်ခဲ့ဖူးကြောင်းကို Grey ကပြောပါတယ်။
သူမတို့နှစ်ဦးဟာ Sasha ၁၆ နှစ် နဲ့ Cinnamon 29 နှစ် ရှိပြီဖြစ်တဲ့ ၂၀၀၅ခုနှစ်မှာ စတင်တွဲခဲ့ပြီး ၂၀၁၂ခုနှစ်မှာ လမ်းခွဲခဲ့ကာ လမ်းခွဲပြီးချိန်မှာ Cinnamon က Sasha ထံ ခြောက်လှန့်သော စာတိုများပေး ပို့ခဲ့တဲ့ အတွက် Sasha က အမှုဖွင့်ခဲ့ရာ တရားရုံး က Cinnamon ကို Sasha ရဲ့ ကိုက်၂၀၀ သို့မလာစေရန် အမိန့်ချမှတ်ခဲ့ပါ တယ်။
Trend Myanmar

မှတ်ချက်များ