ရန်ကုန်မြို့ပတ်လမ်း ဂျပန်က RBE အဲကွန်းရထားတွဲ စပြေးပြီ


ဂျပန်နိုင်ငံက တင်သွင်းလာတဲ့ RBE Aircon ရထားတွဲ ၅တွဲကို ရန်ကုန်မြို့ပတ်မီးရထားလမ်းမှာ တစ်နေ့ ၇ခေါက်နှုန်းနဲ့ သြဂုတ် ၁၆ရက်ကစပြီး စတင်ပြေးဆွဲနေပြီလို့ မြန်မာ့မီးရထားက ပြောလိုက်ပါပြီ။ ဂျပန် အဲကွန်းရထားတွေရဲ့လက်မှတ်ဈေးက ဘယ်လောက်လဲ။

ခရီးသည် ၆၂ဝ တင်ဆောင်နိုင်တဲ့ ဒီ RBE Aircon ရထားတွဲတွေကို တစ်ယောက်ကို ကျပ် ၃ဝဝနဲ့ စီးနင်းနိုင် ပြီး မနှစ်က တင်သွင်းပြေးဆွဲနေတဲ့ ၆တွဲပါ အတွဲဆိုင်း နှစ်ဆိုင်းကိုလည်း ကျပ် ၄ဝဝကနေ ၃ဝဝဖြစ်အောင်
လျှော့ချသွားမှာပါလို့ ဦးအောင်မြင့်လှိုင်က ပြောပါတယ်။

လှော်ကားအပါအဝင် မြို့ပတ်ရထားလမ်း ခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာ စီးနင်းနိုင်ဖို့အတွက် တင်သွင်းထားတဲ့ ဒီရထားတွဲတွေကို ခရီးသည်တွေကလည်း စည်းမဲ့ကမ်းမဲ့ မလုပ်ဘဲ ရေရှည်ထိန်းသိမ်းဖို့ စည်းကမ်းရှိကြရင် နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်လို့ ဆိုပါတယ်။

ရုံးချိန်အတွင်း ရန်ကုန်ဘူတာကြီးကိုသွားဖို့ အင်းစိန်နဲ့ မင်္ဂလာဒုံကနေ အနည်းဆုံး ရထား ၆စီး၊ တိုးကြောင် ကလေး ဘူတာကနေ ၃စီးကို ၁၅မိနစ်တစ်ကြိမ် ပြေးဆွဲနေပြီး ရုံးချိန်မဟုတ်တဲ့ နေ့လည်ပိုင်းမှာတော့ အခေါက်ရေ လျော့မှာဖြစ်တယ်လို့ ပြောပါတယ်။

ခရီးစဉ် အသွားပြန်ကို ငွေ ၁ဝဝနဲ့ စီးနေရတာထက် အဲကွန်းတပ်ထားတဲ့ရထားကို သန့်သန့်ရှင်းရှင်း စီးနင်းရ တာကြောင့် ဈေးလည်း သင့်တော်ပြီး စီးဖြစ်မှာဖြစ်ပေမယ့် ရထားသန့်ရှင်းဖို့ရေရှည်ထိန်း သိမ်းရေးအတွက် တွဲစောင့်ထားပေးရင် အဆင်ပြေမယ်လို့ ခရီးသည်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဇော်ဦးက ဆိုပါတယ်။ သူအဓိကပူပန်တာက ခရီးအချိန်မှန်ဖို့ပဲလို့ ပြောပါတယ်။

Kamayut Media

မှတ်ချက်များ