Wal-Mart စတိုးဆိုင်ထဲမှာ နှစ်ရက်ကြာ လျို့ဝှက်နေထိုင်ခဲ့တဲ့ ဆယ်ကျော်သက်


Texas မြို့က ဆယ်ကျော်သက်တစ်ယောက်ဟာ အဲ့ဒီဒေသတွင်းက Wal-Mart တစ်ခုမှာ ဘယ်သူမှ မသိ ဘဲ နှစ်ရက်ကြာ လျို့ဝှက်စွာ အခြေချ နေထိုင်ခဲ့ပါတယ်။

အမည်မဖော်ပြတဲ့ အသက် (၁၄) နှစ် အရွယ်ကောင်လေးဟာ အဲဒီစတိုခန်းအတွင်း လျို့ဝှက်အခန်း နှစ် ခန်းပြုလုပ်ခဲ့ပါတယ်။ အခန်းတစ်ခုကို ကလေးအသုံးအဆောင်တွေ ခင်းကျင်းပြသထားရာ နေရာတစ်ခု မှာ ကလေးငယ်တွေအတွက် လုပ်ထားတဲ့ တွန်းလှည်းတွေနဲ့ကွယ်ပြီး၊ နောက်တစ်ခုကတော့ ကပ်ထူစာ ရွက်တွေနဲ့ အိမ်သာသုံး တစ်ရှူးနဲ့စာရွက်တွေရဲ့ နောက်ကွယ်မှာ ဖြစ်ပါတယ်။

သူဟာ ပုန်းကွယ်တာ အလွန်ကျွမ်းကျင်နေတာကြောင့် ဈေးဝယ်သူတွေက သူ့ကို ပစ္စည်းတွေ ယူဆောင် ထားတာ၊ သူ အိပ်နေတာ ၊ စတိုခန်းက သိုလှောင်သိမ်းဆည်းထားတဲ့ အစားသောက်တွေကို စားသုံးနေ တာကို သတိမပြုမိခဲ့ကြပါဘူး။ သူဟာ နာရီအနည်းငယ်ကြာပြီးတိုင်း အဝတ်အစား လှဲလှယ်ဝတ်ဆင်ပြီး နေ ထိုင်ခဲ့ပါတယ်။ ဗိုက်ဆာလောင်နေမှုမရှိအောင် အချိုရည်တွေထားရှိရာ ပင်မလမ်းရဲ့နောက်ကျောနံရံမှာ အချိုရည်ဗူးတွေ ဆွဲထုတ်ရယူဖို့ အပေါက်လေးတစ်ခုကို လုပ်ထားတယ်လို့လည်း ဆိုပါတယ်။

သူအမှိုက်ပစ်တဲ့အခါ အသုံးပြုတဲ့ နောက်ဘေးလမ်းသွယ်နေရာအထွက်မှာ စတိုးဆိုင်ဝန်ထမ်းတွေက သူ့ကို တွေ့သွားခဲ့တာဖြစ်ပါတယ်။

ဒီဆယ်ကျော်သက် ကောင်လေးရဲ့မိဘတွေဟာ မြို့ပြင်မှာနေထိုင်တာဖြစ်ပြီး သူအိမ်က ထွက်မပြေးခင် သူ့အဒေါ်နဲ့အတူ နေထိုင်ခဲ့တာဖြစ်တယ်လို့ ရဲကဆိုပါတယ်။ ဒီဆယ်ကျော်သက်ဟာ အိမ်ပြေးတစ်ယောက် အဖြစ် နောက်ကြောင်းတစ်ခုရှိခဲ့ပြီး ဒီလို အခြေအနေ ရောက်ရခြင်းအကြောင်းအရင်းနဲ့ ပတ်သက်လို့ သက်သေအထောက်အထား ဘာတစ်ခုမှမရှိဘူးလို့ ဆိုပါတယ်။

Trend Myanmar

မှတ်ချက်များ