![]() |
| ဓာတ်ပုံ – ရိုက်တာ |
ဒီလဆန်းပိုင်းကလည်း ရောဂါကူးစက်ခံရတဲ့ အမေရိ ကန်နိုင်ငံသားနှစ်ဦးကို ဒီ ZMapp ဆေးနဲ့ပဲ ပထမဆုံး စမ်းသပ်ကုသခဲ့တာမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။
အီဘိုလာရောဂါ ကာကွယ်ကုသဆေး ခုချိန်ထိမရှိသေးပေးမယ့် အနောက်အာဖရိကနိုင်ငံတွေမှာ အီဘို လာရောဂါကို အရေးပေါ်ကုသဖို့ WHO အဖွဲ့ကြီးက အရေးပေါ်ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်အတွင်း အီဘိုလာရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၁၂၂၉ ဦးရှိသွားပါပြီ။
၁၉၇၀ နှစ်တွေက ဂီနီနိုင်ငံမှာ အီဘိုလာရောဂါပိုးကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုင်ဘေးရီးယား၊ စီရာလီယွန် နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို ဆက်ပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
အသက် ၇၅ နှစ်အရွယ် စပိန်ဘုန်းတော်ကြီးတပါးကတော့ ZMapp ဆေးနဲ့ ကုသခဲ့ပေမယ့် ပြန်နလန်မ ထူတော့ပဲ ပြီးခဲ့တဲ့အပတ်က စပိန်နိုင်ငံမှာ သေဆုံးခဲ့ပါတယ်။
DVB

မှတ်ချက်များ