၁၈.၉.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် သန် လျင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင် မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် သီဟဒီပအားကစား ကွင်း လမ်းသွယ်တွင် သန်လျင်မြို့နယ်နေ အောင် ဆန်းဦး၊ ဝေယံအောင်နှင့် သန်းထွန်းလေးတို့(၃)ဦး အား ဆိုင်ကယ်(၁)စီးနှင့် မသင်္ကာဖွယ်တွေ့ရှိသဖြင့် သန်လျင်မြို့ မရဲစခန်း(ပ)၆၀၂/၂၀၁၄၊ ပြစ်မှုပုဒ် မ - ၃၈၀/၅၄ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးခဲ့ရာ အဆိုပါ ဆိုင်ကယ်အား ခိုးယူလာကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
အမှုမှ အောင်ဆန်းဦး၊ ဝေယံအောင်နှင့် သန်းထွန်းလေးတို့အား အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးခဲ့ရာမှ ၎င်းတို့(၃)ဦးသည် ၁၄.၉.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်ခန့်တွင် ကျောက်တန်းမြို့ နယ်နေ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ကိုမောင်မြင့်၏ ဆိုင်ကယ်အား ငှားရမ်းစီးနင်း လာစဉ် အလွမ်း ဆွတ်ကျေးရွာ၊ သွပ်ပြားစက်ရုံရှေ့ရေမြောင်းအနီးအရောက် စကားများရန်ဖြစ်ကြပြီး ကိုမောင်မြင့် ၏ဦးခေါင်းအား အုတ်ခဲဖြင့်ထုရိုက်ကာ HAOJUE-110 နီ/နက်ရောင်ဆိုင်ကယ်၊ ကိုမောင်မြင့်ဝတ်ဆင် ထားသော အလေးချိန်(၆)ပဲသားရှိ ရွှေဆွဲကြိုး(၁)ကုံးနှင့် (၅)မူးသားခန့်ရှိ ကျောက်နီပါ ရွှေလက်စွပ် (၁)ကွင်းတို့ကို အတူလုယက်ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ ပါသည်။
၎င်းဖြစ်စဉ်အရ ၂၁.၉.၂၀၁၄ ရက်နေ့က အလွမ်းဆွတ်ကျေးရွာ၊ သွပ်ပြားစက်ရုံရှေ့ရေမြောင်း အနီးတွင် အမျိုးသားတစ်ဦး ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိသဖြင့် သန်လျင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄၃/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိသော အမှုအား ၎င်းတို့(၃)ဦးမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပါသည်။
ယင်းသို့ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် အောင်ဆန်းဦး၊ ဝေယံအောင်နှင့် သန်းထွန်းလေး တို့(၃)ဦးကို သန်လျင်မြို့မရဲစခန်း(ပ)၆၁၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂/၃၉၄/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများသိမ်းဆည်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ