ဝတ်မှုံရွှေရည်ရဲ့ အမှတ်တရ ဟန်းမိတ်ခေါင်းအုံးတွေကို သြဂုတ်လ၃၁ရက်နေ့ကစတင်ပြီးအွန်လိုင်းမှာရော၊ရန်ကုန်မြို့ နဲ့ မန္တလေးမြို့တို့မှာပါ ပရိသတ်များတစ်ပြိုင်နက် ဝယ်ယူရရှိ နိုင်ပြီဖြစ်ပါတယ်။အွန်လိုင်းမှာပါ ရောင်းချတဲ့ အစီအစဉ်အနေနဲ့ ပြုလုပ်ဖြစ်ပုံကို ဝတ်မှုံရွှေရည်က “အဓိကအွန်လိုင်းကို အဓိ ကထား ပြီးရောင်းတာပါ။ အွန်လိုင်း မှာဝယ်တဲ့သူတွေ အဆင် မပြေရင် အပြင်မှာလည်းဝယ်လို့ ရအောင်လို့ ဆိုင်တွေမှာ ထားလိုက် တာပါ။ နိုင်ငံခြားကလူတွေလည်း မှာလို့ရတာပေါ့။ အွန်လိုင်းရှောပင်း ပုံစံမျိုးပဲ ပစ္စည်းကိုလိုက်ပို့ပေးတဲ့ ဝန်ဆောင် မှုပါမှာပါ။
နောက်ပိုင်း ကစ်collection တွေနည်းနည်း များလာရင်တော့ ကစ်ကိုယ်တိုင် ပရိသတ်တွေနဲ့ အပြင်မှာတွေ့ ဆုံသွား မယ့် အစီအစဉ်တွေလည်းရှိမှာပါ။ ပစ္စည်းကတော့ အများကြီး ထုတ်တာမဟုတ်ဘူး။ အကန့်အ သတ်နဲ့ပဲ ရောင်း သွားမှာပါ။ ဒီတစ်လမှာ ဒီပစ္စည်းဆိုရင် နောက်လဆိုရင် ဒီ ပစ္စည်းဟုတ်ချင်မှ ဟုတ်မှာပေါ့” လို့ ပြောပါတယ်။ အမှတ်တရ ဟန်းမိတ် ခေါင်းအုံးလေးတွေက သူနဲ့ပရိသတ် တွေကြားက အမှတ်တရ ပစ္စည်းလေးတွေပဲဖြစ်ကြောင်းကို ဝတ်မှုံရွှေရည် က
“ကစ်ကိုချစ်တဲ့သူတွေ၊ ကစ်ရဲ့ပရိသတ်တွေအတွက် အမှတ် တရလေးဖြစ်စေချင်လို့ အမှတ်တရအနေနဲ့ ထုတ်တာပါ။ ကစ် ကိုယ်ပွားလေးလို့လည်း ပြောလို့ရပါတယ်။ ပရိသတ်တွေက ကစ်လုပ်တဲ့ပစ္စည်းတွေကို အမှတ်တရအနေနဲ့သိမ်းထားမယ်၊ တန်ဖိုးထားမယ်ဆိုရင် ပျော်တာပေါ့။ ကစ်နဲ့ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေကို ကစ် ပရိသတ်လက်ထဲမှာရှိစေချင် တာပေါ့” လို့ ပြောပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ အမှတ်တရ ဟန်းမိတ်ခေါင်းအုံးများကို Online Store အနေနဲ့ www.coolfancy shop.com/ kitkitstore နဲ့ www. facebook.com/cool-fancyshop တို့မှာ မှာယူနိုင် ပြီး Junction Square ရှိScoop Premium Italian Ice Cream ၊ Eternal Flowers (ရန်ကုန်) နဲ့ Flower to Flower Fashion Shop (မန္တလေး) ဆိုင်တို့မှာ ဝယ် ယူရရှိနိုင် မှာဖြစ်ပါ တယ်။
ခိုင်ဝေလွင် | Popular Journal
ခိုင်ဝေလွင် | Popular Journal

မှတ်ချက်များ