မန္တလေးက တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေး ဘယ်လို အဖမ်းခံခဲ့ရပါသလဲ။
ဒီအကြောင်း ဒီတပတ်ထုတ် မော်ဒန်သတင်းဂျာနယ် စာမျက်နှာ ၁၃ မှာ တွေ့ရပါမယ်။
“ဆွေးနွေးချင်တယ် ဆိုပြီး လာခေါ်တယ်။ ဆွေးနွေးချင်ရင် အိမ်ကိုလာခဲ့၊ အိမ်မှာပဲ ရှိတယ်။….အိမ် ကို လာခေါ်တယ်။ ခေါ်ပြီးတဲ့အခါကျတော့ ဆွေးနွေးတာ မဟုတ်တော့ဘူး။ ဖမ်းတာလို့ ပြောပြီး ဖမ်းသွား တယ်” လို့ မဖြူနှင်းထွေးနဲ့ မော်ဒန်ဂျာနယ် အင်တာဗျူးမှာ တွေ့ရပါတယ်။
ဒီအတိုင်းဖြစ်ခဲ့တယ် ဆိုရင်တော့ …. တကယ် ဆွေးနွေးစရာရှိလို့ အဲဒီ စကားလုံး သုံးခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ် ဖမ်းတယ်လို့ မပြောချင်တဲ့အတွက် စကားလှလှ သုံးတာလည်း ဖြစ်နိုင်ပါတယ်။
ဟိုတုန်းကတော့ ခဏလောက် လိုက်ခဲ့ပါ လို့ သုံးလေ့ ရှိတာပါ။
လက်ပံတောင်းဒေသ ကြေးနီတူးဖော်ရေးစီမံကိန်းလုပ်ငန်းခွင်က တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲခြင်း အမှုအတွက် တရားရုံးက ခေါ်ဆိုတာကိုသွားရောက်ရန် ပျက်ကွက်ပြီးနောက်ပိုင်း အဖမ်းခံရပါတယ်။
မဖြူနှင်းထွေး ဘာပုဒ်မတွေနဲ့ တရားစွဲခံနေရပါသလဲ။ ထောင်ဒဏ် ဘယ်လောက်အထိ ပေးနိုင်တဲ့ ပုဒ်မလဲ။
ဒီအဖြေတွေကိုလည်း အဲဒီဂျာနယ်ထဲက ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ အင်တာဗျူးမှာ တွေ့ရပါမယ်။ ပုဒ်မ ၃၆၄၊ ၃၆၈၊ ၅၁၂ တို့ပါပဲ။
“ပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ်ပေါ့။ … ၃၆၄ ဆိုတဲ့ အဓိပ္ပာယ်ကတော့ လူကို သတ်စေရန် ရည်ရွယ်ချက် နဲ့ ဖမ်းဆီးချုပ်နှောင်ထားတာ။ ၃၆၈ လည်း သည်အတိုင်းပဲ။ မတရား ဖမ်းဆီးချုပ်နှောင်ထားတယ်။ ခိုးယူထားတယ်။ အဲသည်လို အဓိပ္ပာယ် ရတယ်။၅၁၂ ကတော့ တရားခံပြေးမို့လို့ ထပ်ပြီး ဖွင့်လိုက်တာ”
အခုတော့ မဖြူနှင်းထွေး မုံရွာထောင် ရောက်နေပါတယ်။ မုံရွာထောင်အရာရှိတွေ ၀န်ထမ်းတွေက သူ့ကို မိသားစုလိုပဲ စောင့်ရှောက်ကြောင်း သူက မော်ဒန်ဂျာနယ်ကို ပြောပါတယ်။
ဧရာဝတီ

မှတ်ချက်များ