၁၃ နှစ်ကြာအမှုဟောင်းဖြင့် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်အား ရုံးထုတ်
“သူ အနေနဲ့ ၂၀၁၄၊ မေလ ၁၄ရက်နေ့က အဖမ်းခံရတယ်။ သူကို့ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကြံစည်တယ်လို့ပြောတယ်။ သူ့ကို အင်းစိန်ထောင် ထဲမှာ ၂လ ချုပ်ထားတယ်။ အချုပ်ခံနေစဉ်အတွင်းမှာ ရိုက်နှက် စစ်ဆေးတယ်။ ၂လပြည့်တဲ့နောက်ပိုင်း ဘာမပြောညာ မပြောပဲရွာသာကြီးက စိတ်ကျန်း မာရေး ဆေးရုံကို ပို့လိုက်တယ်ဆိုပြီးပြောတယ်” ဟု တရားရုံးထုတ်စဉ်ဦးဌေးအောင်၏ ကိုယ်တိုင် လျောက်ထားမှု အား၊ တရားရုံးတွင် နားထောင်ခဲ့သူ အမည် မဖေါ်လိုသူ တစ်ဦး က မဇ္ဈိမကို ပြောသည်။
အင်းစိန်ထောင်အာဏာပိုင်များအား ထိုပြောဆိုချက်များနှင့်ပတ်သက်ပြီး မဇ္ဈိမက မေးမြန်းရန် ကြိုးစား ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။ရွာသားကြီး စိတ်ေ ရာဂါကုဆေးရုံတွင်လည်း အစပိုင်းတွင်၊ ၎င်းအားအိမ် သာနှင့်အနီးဆုံး အခန်းတွင်ထားရှိပြီး၊ ဌားရမ်းထားသည့် ၎င်း၏ရှေ့နေမှလည်း လိုက်ပါဆောင်ရွက်ပေြး ခင်း မရှိ၍စက်တင်ဘာ ၂ ရက် ရုံးထုတ်ချိန်မှာပင် ဦးဌေးအောင်က ၎င်း၏ရှေ့နေကို ရှေ့နေအာဏာပြန်ရုပ်သိမ်း လိုက်ပြီး ဦးဌေးအောင်ကိုယ်တိုင် တရားရုံးအား ဦးတိုက်လျောက်လဲချက်ပေးကာအမှုရင်ဆိုင်သွားရန် စီစဉ် ထားသည်ဟု ၎င်း၏ တရားရုံးလျာက်လွဲချက်ထဲတွင် ထည့်သွင်းပြောခဲ့သည်။
ဆိပ်ကမ်းမြို့နယ်တရားရုံး တရားသူကြီး ဒေါ်ညိုညိုစန်းက ဦးဌေးအောင်အား စက်တင်ဘာ ၉ ရက်တွင် ထပ်မံ ရုံးထုတ်ရန် ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်မြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုအပါအဝင် စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သော ဦးဌေးအောင်နှင့် သူ၏ တပည့် ဦးတင်လှ(ခ) ချာတိတ်အား တရားလို ဦးခင်မောင်ညွှန့်က ပြစ်မှုကြီး ၆၆/၁၄သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၅(၁) /၅(၃)ဖြင့် တရားစွဲဆိုထားသည်ဟု ရှေ့နေချုပ်ရုံး တာဝန်မှူးကမဇ္ဈိမကိုပြောသည်။
“စမှုဖွင့်တုန်းက ၅(၁)/၅(၃)ဖွင့်ထားတာ အခုတော့ ပြောင်းထားတဲ့လို့ပြောတယ်။ ဘာပုဒ်မလဲတော့ မသိဘူး။ စသုံးလုံးကဖမ်းတာ”ဟု ဦးတင်လှ (ခ) ချာတိတ် ကအချုပ်ခန်းအတွင်းမှ မဇ္ဈိမကိုပြောသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်သည်၊ မြန်မာစစ်အစိုးရ လက်ထက်ကာလကတည်းက၊ ယခုအချိန်အထိ အာဏာပိုင်များနှင့် အသိကျွမ်းတဝင်ရှိသည်ဟု စီးပွားရေးလောကတွင် လူသိများသည်။
Mizziama

မှတ်ချက်များ