ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ အပျော်စီးခရီးသည်တင် ဘတ်စ်ကားတစီး မီတာ ၁၀၀ ကျော်မြင့်တဲ့ ချောက် ကမ်းပါးကနေ လမ်းချော်ကျခဲ့လို့ လူ ၁၂ ဦး သေဆုံးပြီး ၄၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

ဘတ်စ်ကားဟာ စက်တင်ဘာ ၁ ရက်နေ့က ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ တောင်ထူတဲ့ စာပါဒေသကို သွားရင်းခုလိုဖြစ်တာပါ။

ဘတ်စ်ကားမောင်းသူနဲ့ ကိုယ်ဝန်ဆောင် ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။ ရှင်သန် ကျန်ရစ်သူတွေကိုတော့ ဒေသခံဆေးရုံကို သယ်ဆောင်သွားခဲ့ပါတယ်။

သူတို့အားလုံး စိတ်ဒဏ်ရာရနေပြီး သင့်လျော်တဲ့ကုသမှုကို လုပ်ဖို့ အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆေးရုံ ဆရာဝန်က ပြောပါတယ်။

စာပါဒေသတွင်းက မုန်းရွာတွေနဲ့လယ်ကွင်းတွေကြောင့် နှစ်စဉ်နိုင်ငံခြားသား ခရီးသည် ၁ သန်းလောက် လာရောက်လည်ပတ်လေ့ရှိပါတယ်။

ခုတကြိမ် ကားမတော်တဆမှုမှာတော့ နိုင်ငံခြားသား တယောက်မှ မပါဝင်ခဲ့ပါဘူး။

လမ်းအခြေအနေ ဆိုးရွားတာနဲ့ ယာဉ်မောင်းတွေက ယာဉ်စည်းကမ်းကို လျစ်လျူရှုတာ တွေကြောင့် ဗီယက်နမ်နိုင်ငံအတွင်း ယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်လေ့ ရှိပါတယ်။

ဗီယက်နမ် အမျိုးသား ယာဉ်ဘေးကင်းရေးကော်မတီရဲ့ အဆိုအရ ၂၀၁၃ ခုနှစ်မှာ ယာဉ်မတော်တဆမှု ၃သောင်းနီးပါး ဖြစ်ခဲ့ပြီး လူ ၁ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။

DVB

မှတ်ချက်များ