အမျိုးသမီးတွေဟာ ဈေးဝယ်ထွက်ခြင်းကို အလွန်ဝါသနာ ပါလေ့ရှိပါတယ်။ ဈေးဝယ် ထွက်ခြင်းကို အမြဲတမ်း ပြုလုပ်နေရာမှ စိတ်ကျေနပ်မှု ရသွားတတ် ကြပါတယ်။ ဒါပေမဲ့ “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားအတိုင်း ဈေးဝယ်ထွက်ခြင်းကို အလွန်အကျွံ ပြုလုပ်ပါ က နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။
အင်္ဂလန်နိုင်ငံက အသက်(၄၁) နှစ်အရွယ်ရှိ အမ်မာဟာ ဈေးဝယ်ထွက်ခြင်း ကို လွန်စွာ ၀ါသနာပါခဲ့ ပါတယ်။ နောက်ဆက်တွဲ ဖြစ်ခဲ့တဲ့ အကျိုးဆက်က အရမ်းကို ဆိုးရွားလွန်းပါတယ်။ ဈေးဝယ်ခြင်း ရောဂါစွဲကပ်နေတဲ့ အမ်မာဟာ ဈေးမ၀ယ်ရင် မနေနိုင်တဲ့ အခြေအနေကို ရောက်သွား ခဲ့တာမို့ ကြွေးမြီ ပေါင်(၄၀၀၀၀) တင်ရှိသွားပါတယ်။
ဒါကြောင့် အမ်မာဟာ နေအိမ်ကို ရောင်းချပြီး ကြွေးမြီ တွေဖြေရှင်းခဲ့ပေမယ့် အကျေ မဆပ်နိုင်သေးပါဘူး။ ၂၀၁၁ မှာတော့ အမ်မာရဲ့ ဈေးဝယ်ထွက်ခြင်း ရောဂါဟာ အဆိုးဆုံး အခြေအနေကို ရောက်လာပြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ အမ်မာဟာ တစ်လကို ပေါင်(၂၀၀၀)ခန့် ဈေးဝယ်လေ့ ရှိပါတယ်။
အမ်မာဟာ မိခင်ဖြစ်သူ ဈေးဝယ်ရာနောက်ကို လိုက်ပါရင်း ဈေးဝယ်ခြင်း ၀ါသနာ ရရှိသွားခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမ်မာဟာ နေအိမ်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်တာမို့ ယောက္ခမ ဖြစ်သူထံ လိုက်လံ နေထိုင်နေ ရပါတယ်။ ဒါပေမဲ့ အမ်မာရဲ့ ဈေးဝယ်ခြင်း ၀ါသနာဟာ တဖြည်းဖြည်း ပိုဆိုးလာတာမို့ ဆေးကုသမှု ခံယူသွား ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
Messenger
Messenger
မှတ်ချက်များ