ဦးဆန်းဆင့်၏ ရုံးချိန်းတွင် တရားခံပြသက်သေ ၈ ဦးအား စစ်ဆေး

သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်၏ ၂၀ ကြိမ် မြောက်ရုံး ချိန်းတွင် နိုင်ငံတော် အကြည်ညိုပျက်စေ မှု ပုဒ်မ ၁၂၄ (က) နှင့် ပုဒ်မ ၄၀၉ ယုံကြည်အပ် နှံအလွဲသုံးစားမှု အမှုနှစ်ခုအတွက် တရားခံပြ သက်သေ ရှစ်ဦးအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘အမှုနှစ်ခုစလုံးအတွက် တရားခံပြသက်သေ ရှစ်ယောက်ကို စစ်ဆေး တယ်။ ပုဒ်မ (၄၀၉) အတွက် လေးယောက်၊ ပုဒ်မ (၁၂၄-က)အ တွက် လေးယောက်ကို စစ်တယ်’’ဟု ရှေ့နေ ဦးတင်ထွန်းက ပြော သည်။

အမှုနှစ်ခုစလုံးအတွက် တရားခံပြသက်သေများအား စက်တင်ဘာလ ၂၉ ရက် ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။
သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မများဖြင့် နေပြည်တော် ဒက္ခိဏသီ ရိခရိုင် တရားရုံးက စွဲချက်တင်မှုကို စွဲချက်ပြင်ဆင်ပေးရန် မန္တလေးတိုင်းတရားရုံးတွင် လျှောက်ထားမှုကို အောက် တိုဘာလ ၁၀ ရက်၌ စစ်ဆေးသွားမည်ဟု သတင်းရရှိသည်။

ဦးဆန်းဆင့်သည် ကျန်းမာ ရေးကို အဓိကထား၍ အချုပ်လွတ်ထုချေခွင့်ယူရန် လျှောက်ထားမှုကို ပထမ အကြိမ် ဒက္ခိဏသီရိခရိုင် တရားရုံးက ပယ်ချခဲ့ပြီး မန္တလေး တိုင်းဒေသကြီး တရားရုံးသို့ ထပ်မံလျှောက် ထားရာတွင်လည်း ပယ် ချလိုက်ကြောင်း သတင်းရရှိသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ဇွန်လ ၂၉ ရက် တွင် နိုင်ငံတော်ဘဏ္ဍာငွေ အလွဲ သုံးစား မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီး အမှုစစ်ဆေးမှု တစ်လကျော် အကြာ၌ ၎င်းကို နိုင်ငံတော် အကြည်ညို ပျက်
စေမှုပုဒ်မ ၁၂၄-က၊ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံအလွဲသုံးစားမှု ပုဒ်မများဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

7Day

မှတ်ချက်များ