မြိုင်မြို့နယ်၌ မိုးရွာထဲ ဖုန်းပြောနေသူတစ်ဦး ဖုန်းပေါက်ကွဲကာသေဆုံး

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် လက်ယက်မကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်က အမျိုးသားတစ်ဦး ဖုန်းပြောနေစဉ် မိုးကြိုးပစ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာလက်ယက်မကျေးရွာနေ အောင်စိုး(၂၄)  နှစ်သည်မိုးရွာနေစဉ် ကျေးရွာအထက်တန်းကျောင်း ၏ မြောက်ဘက်လမ်းမပေါ်တွင် လမ်းလျှောက်ရင်း လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ် လျှပ်စီးဝင်၍ ဖုန်းပေါက်ကွဲကာ ဝဲဘက်နားထင် သွေးယိုစီးဒဏ် ရာ၊ ဝဲနားရွက် ညိုမည်းဒဏ်ရာများဖြင့် လဲကျသေ ဆုံးခဲ့ကြောင်းသိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မြိုင်မြို့နယ် လင်းကတော နယ်မြေရဲစခန်းမှ ရဲအုပ်မင်းယုနိုင်က တိုင်တန်းခဲ့သဖြင့် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်း မှသေမှု
သေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကျော်ဇေယျ | The Mirror Daily

မှတ်ချက်များ