မကာအိုသို့ ကန်ဒေါ်လာ ၁၂၀၀ ကျော်ဖြင့် တရားဝင်လုပ်သားစေလွှတ်ရန် သဘောတူညီမှုရရှိ

တစ်လလျှင် အမေရိကန် ဒေါ်လာ ၁၂၀၀ ကျော်ဖြင့် မကာ အိုသို့ မြန်မာအလုပ်သမား တရား ၀င်စေလွှတ် ရန် နှစ်နိုင်ငံ နားလည် မှု စာချွန်လွှာကို စက်တင်ဘာ ၂၅ ရက်က လက် မှတ်ရေးထိုးခဲ့ ကြောင်း ပြည်ပအ လုပ်အကိုင် ၀န်ဆောင် မှုလုပ်ငန်းရှင်များ အ သင်းချုပ်မှ သတင်းရရှိသည်။

မကာအိုနိုင်ငံက ယခုနှစ်အ တွင်း မြန်မာလုပ်သားရာနှင့်ချီ ခေါ်ဆိုကမ်းလှမ်းထား၍ တရား ၀င်စေလွှတ်နိုင်ရန် မြန်မာ
အေဂျင် စီအသင်းချုပ်က စက်တင်ဘာ ၂၃ ရက်တွင် မကာ အိုနိုင်ငံသို့ သွား ရောက်ခဲ့သည်။ မကာအိုနိုင်ငံမှ အေဂျင်စီ အသင်းချုပ်နှင့် မြန်မာ အေဂျင်စီအသင်းချုပ်တို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ပြီး မကာ အို နိုင်ငံက အလုပ်သမား တစ်ဦးလျှင် တစ်လအမေရိကန်
ဒေါ် လာ အနိမ့်ဆုံးရှစ်ရာမှ လုပ်ငန်းကျွမ်း ကျင်ပါက ဒေါ် လာ ၁၂၀၀ ကျော် အထိပေး၍ အလုပ်ခန့်ထားလျက် ရှိ
ကြောင်း သိရသည်။

‘‘ဟောင်ကောင်ကို သွား တုန်းက မကာအိုကိုခဏ၀င်ပြီး လေ့လာကြည့်တော့ အလုပ်သ မားတွေအတွက် မဆိုးဘူး။ ပို့ချင် ပို့လို့ရတယ်။ အဲဒီတော့ မကာအို အေဂျင် စီ အသင်းချုပ်ဘက်ကို ဆက်သွယ်ခဲ့တယ်။ သူတို့ ဘက် ကလည်း အလုပ်သမား ရာနှင့်ချီ ခေါ်ဖို့ကမ်းလှမ်း ခဲ့တယ်’’ ဟု ပြည်ပအလုပ်အကိုင် ၀န်ဆောင် မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောသည်။

ယခု ချုပ်ဆိုခဲ့သော နား လည်မှု စာချွန်လွှာတွင် မြန်မာ အိမ်အကူလုပ်သားများ ပို့ဆောင် ခြင်းလုံးဝမပြု လုပ်ရန်နှင့် အခြားလုပ်ငန်းများအတွက်သာ လုပ်သားစေလွှတ်ရမည်ဟု ထည့်သွင်းချုပ်ဆိုထားပြီး မြန်မာ လုပ်သား အခွင့်အရေးများ ထိရောက်စွာ ကာကွယ်နိုင်မည့် အချက်အလက်များ ထည့်သွင်းချုပ်ဆိုခဲ့သည် ဟု သိရသည်။

အဆိုပါ စာချုပ်သည် ၂ နှစ်သက်တမ်းဖြစ်ပြီး အခြားလုပ်ငန်းဖြစ်သည့် ဖျော်ဖြေရေးမပါ စားသောက်ကုန် လုပ်ငန်း၊ ကာစီနိုတို့တွင် အထွေထွေ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခြင်းသာ ခွင့်ပြုထားခြင်း ဖြစ် သည်။

မကာအိုနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည့် တရားမ၀င် မြန်မာအလုပ်သမား ရှစ်ရာကျော်ရှိပြီး ပြီးခဲ့သည့် နှစ်လခန့်က မကာအိုနိုင်ငံသို့ လိုင်စင်ရ အေဂျင်စီတစ်ခုက အိမ်အ ကူလုပ်သားအဖြစ် တရားမ ၀င်စေလွှတ်ခဲ့၍ အရေးယူခဲ့ကြောင်း သတင်းရရှိသည်။ မကာအိုတွင် လက်ရှိ၌ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက် နမ်၊ အင်ဒိုနီးရှား၊ နီပေါနှင့် အခြားအ လုပ်သမားများ အလုပ်လုပ်ကိုင် လျက်ရှိပြီး ယခုမကာအိုသို့ သွား ရောက်လုပ်ကိုင်မည့် အလုပ်သမားများသည် အင်္ဂလိပ်နှင့် တရုတ် ဘာသာတို့တတ်ကျွမ်းရန် လိုအပ်သည်။ ယခုအစိုးရသစ်လက်ထက် တွင် ပြည်ပသို့ မြန်မာလုပ်သား တစ်လလျှင် ခြောက်ထောင်ခန့် ပုံမှန်သွားရောက်လုပ်ကိုင်လျက် ရှိသည်။

အေးမြတ်သူ | 7day

မှတ်ချက်များ