ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး စာတိုက်ကနေ ကနေဒါပို့

ကနေဒါနိုင်ငံသားတဦးဟာ တရုတ်ကျောင်းသား တဦး သတ်ဖြတ် အပိုင်းပိုင်းခုတ်ထစ်ပြီး သူ့ကိုယ် ခန္ဓာ အစိတ်အပိုင်းတွေကို စာတိုက်ကနေ ကနေ ဒါ နိုင်ငံရေးပါတီတွေနဲ့ ကျောင်းတွေဆီကို ပေးပို့ခဲ့
ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က တရားရုံးမှာ ဝန်ခံလိုက်ပါတယ်။

ဒါပေမယ့်သူ့ရှေ့နေကတော့ အမှုသည်ဟာ စိတ်ဝေ ဒနာတမျိုးကို ခံစားနေရလို့ ရာဇဝတ်မှုအတွက် တာ ဝန်မရှိဘူးလို့ ခုခံလျှောက်လဲခဲ့ပါတယ်။

အစိုးရရှေ့နေကတော့ အသက် ၃၂ နှစ်အရွယ် ကနေဒီယံနိုင်ငံသား လူကာ မဂ်နော့တာဟာ တရုတ်ကျောင်းသား ဂျွန်လင်ကို မွန်ထရီရယ်မြို့မှာ မသတ် ခင် အနည်းဆုံး ၆ လလောက်က လူသတ်ဖို့ စတင်စီစဉ်ခဲ့ပြီး စီစဉ်ပုံကိုပါ ရုပ်ရှင်မှတ်တမ်း လုပ်ထားခဲ့
ကြောင်း သက်သေတွေ က ပြနေတယ်လို့ ပြောပါတယ်။

မက်ဂ်နော့တာကိုဖမ်းဖို့ နိုင်ငံတကာက ရှာနေချိန်မှာ ပြည့်စုံတဲ့ အသေးစိတ်ရှင်းပြချက်တွေကို လူသိရှင် ကြား ဖွင့်ချခဲ့ဖူးပါတယ်။

မက်ဂ်နော့တာကို ပထမအဆင့် လူသတ်မှု၊ လူ့ခန္ဓာကိုယ်ကို ဂုဏ်သိက္ခာမဲ့အောင် မဖွယ်မ ရာလုပ်မှုနဲ့ မ ဖွယ်မရာ ရုပ်သံကို ထုတ်လွှင့်မှုတွေနဲ့ တရားစွဲထားပါတယ်။

ဒီအမှုဟာ ကမ္ဘာတလွှား ခေါင်းကြီးပိုင်း သတင်း ဖြစ်ခဲ့ပါတယ်။ စွဲချက် ၅ ခုလုံးကို မက်ဂ်နော့တာက သူလုပ်တာလို့ ဝန်ခံခဲ့ပေမယ့် အပြစ်မရှိဘူးလို့လည်း ပြောပါတယ်။

ဒီတရားစီရင်မှုကို အသတ်ခံရသူ လင်ရဲ့ ဖခင် လင်ဒီရန်က တရုတ်နိုင်ငံကနေ လာရောက် ကြားနာပါတယ်။

မက်ဂ်နော့တာကို တကမ္ဘာလုံးက ဝိုင်းရှာခဲ့ပြီး ဂျာမနီနိုင်ငံ မြို့တော်ဘာလင်က အင်တာနက်ကဖေးဆိုင်မှာ သူ့သတင်းကို သူပြန်ဖတ်နေတဲ့အချိန် ဖမ်းမိခဲ့ပါတယ်။

DVB

မှတ်ချက်များ