တက္ကသိုလ်ကို တက်ရောက်နေကြတဲ့ သူတွေဟာ အရွယ်ရောက် နေကြပြီ ဖြစ်ပေမယ့် သူတို့ရဲ့မိဘတွေရဲ့ စိတ်ထဲမှာတော့ ကလေးငယ် တွေလို့ ယူစနေဆဲ ဖြစ်ပါတယ်။ တစ်အိမ်ထောင်ကို ကလေးတစ်ယောက်သာ ယူခွင့်ရတဲ့ တရုတ်နိုင်ငံ မှာတော့ မိဘနဲ့သားသမီးကြား ဆက်ဆံရေးက ပိုပြီး သံယောဇဉ်ဖြစ်လေ့ ရှိပါတယ်။ တရုတ်နိုင်ငံမှာ သားသမီးတွေရဲ့ ပညာရေးကို မိဘတွေက လွန်စွာ အားပေးလေ့ရှိပါတယ်။ သားသမီးတွေ ခေတ်ပညာတတ်ဖြစ်စေဖို့ မိဘတွေဟာ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးလေ့ ရှိပါတယ်။
Shenyang မြို့မှာ ဖွင့်လှစ်ထားတဲ့ လေကြောင်းတက္ကသိုလ်ကို ပထမနှစ် ကျောင်းသားတွေ အဖြစ် လာရောက် သင်ကြားကြမယ့် ကျောင်းသားတွေကို သူတို့ရဲ့မိဘတွေက လိုက်လံ ပို့ဆောင်မှု ပြုလုပ်ကြပါတယ်။ ကျောင်းသားမိဘ အများစုဟာ ဆင်းရဲကြတာမို့ တန်ဖိုးကြီးတဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ နေထိုင်နိုင်ခြင်း မရှိပါဘူး။
ဒါကြောင့် ကျောင်းတာဝန်ရှိသူ တွေဟာ ကျောင်းသားမိဘတွေ အဆင်ပြေစေဖို့ အားကစားခန်းမကြီးမှာ တည်းခို နေထိုင်စေပါတယ်။ ကျောင်းသားမိဘ (၄၀၀) နီးပါးဟာ ခန်းမကျယ်ကြီးမှာ မြတ်ဖျာ တွေကိုခင်းပြီး ဖြစ်သလိုအိပ်စက်ကာ ဖြတ်သန်း ခဲ့ရပါတယ်။ ဒါကို ဓာတ်ပုံဆရာဟာ မှတ်တမ်း တင်ပြီး လူမှုကွန်ရက် ၀က်ဘ်ဆိုက်မှာ လွှင့်တင်ခဲ့ရာ တရုတ်ဆိုရှယ်ဝက်ဘ်ဆိုက် ဖြစ်တဲ့ Weibo မှာ မိဘတွေရဲ့ ကျေးဇူးတရားကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံက မိဘတွေဟာ ကလေးငယ်တွေကို ပညာတတ် ဘယ်လောက် အထိ ဖြစ်ချင်သလဲဆိုတာ ဓာတ်ပုံတွေကို ကြည့်လိုက်တာနဲ့ သိသွားစေမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတ၀န်းက တက္ကသိုလ် ကျောင်းတွေ မှာ ကျောင်းသား မိဘတွေ အတွက် အဆင်ပြေ တည်းခိုနိုင်ဖို့ ဒီလိုမျိုး စီစဉ်ပေးတတ်ကြောင်း သိရပါတယ်။
Messenger
Messenger

မှတ်ချက်များ