မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ GSM ဖုန်းများတွင် အသုံးပြုနိုင်မည့် ငွေဖြည့်ကတ်များကို ကျပ်ငါး
ထောင်အောက် လျော့နည်းသည့်ပမာဏဖြင့် ထုတ်လုပ်သွားမည်ဟုမိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်း ထွန်းက မဇ္ဈိမကိုပြောသည်။
၎င်းက “ခုဈေးကွက်မှာ ရောင်းနေတဲ့ ငါးထောင်ကျပ်ထက် နည်းတဲ့ ငွေဖြည့်ကတ် ထုတ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပမာဏတန် ငွေဖြည့်ကတ်ကို ထုတ်မယ်လို့တော့ အတိအကျ မသတ်မှတ်ရသေးဘူး။ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်ကို တွက်ချက်ပြီးမှ သတ်မှတ်မယ်” ဟု ပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချနေသော ဖုန်းငွေဖြည့်ကတ်များမှာ ငါးထောင်ကျပ်၊ တစ်သောင်း ကျပ်၊ သုံးသောင်းကျပ်တန် ငွေဖြည့်ကတ်များဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၎င်း၏ ဆင်းမ်ကတ်များ ပိုမိုရောင်းချလာပြီးသည့်နောက် အခြေခံ လူတန်းစားများ အသုံးပြုနိုင်သည့် ဖုန်းငွေဖြည့် ကတ် ပမာဏအထိ ထုတ်လုပ်ရန် စီစဉ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်သွယ်ရေး အော်ပရေတာ အူရီးဒူးကမူ ၎င်း၏ မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချစဉ်ကတည်းက ကျပ် ၁,၀၀၀၊ ကျပ် ၃,၀၀၀ တန် တန်ဖိုးနည်းငွေဖြည့်ကတ်များကို စတင်ရောင်းချပေးခဲ့သည်။
ကမာရွတ်မြို့ နယ်မှ မိုဘိုင်းဖုန်းအသုံးပြုသူ ကိုထက်က “တန်ဖိုးနည်းငွေဖြည့်ကတ် ရောင်းချရင်တော့ ပိုကောင်းတာပေါ့။ ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းလောက်နဲ့ ဖုန်းငွေဖြည့်ကတ်ကို စိတ်ကြိုက်ဝယ်ယူနိုင်မယ်။ တစ်ထောင်တန် ငွေဖြည့်ကတ်လောက် ဆိုရင်တော့ အချိန်မရွေး ၀ယ်သုံးနိုင်တယ်လေ” ဟု သူ၏ အမြင် ကိုပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခဲခြစ်ဖုန်းငွေဖြည့်ကတ်များအပြင် E-Top Up Card စနစ်ကိုလည်း အသုံး ပြုနိုင်ရန် လုပ်ဆောင်သွားမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က ပြောသည်။
၎င်းက“သုံးသောင်းတန် ငွေဖြည့်ကတ်ထက်ပိုများတဲ့ ပမာဏကို E-Top Up Card စနစ်နဲ့သုံးနိုင်မယ်” ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းငွေဖြည့်ကတ်များကို ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီများဖြစ်သော Asia Mega Link Co.Ltd၊ Global Telephone Co.Ltd၊ တာမိုးညဲ ချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ၊ ရတနာပုံ တယ် လီပို့နှင့် Elite Tech IT Services Co.Ltd၊ Amara Com-munication၊ Fortune International Co.Ltd၊ မြန်မာ ပိတောက်နှင့် ABC ကုမ္ပဏီတို့က ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။
mizzima

မှတ်ချက်များ