တယ်လီနောဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ရန် မြေတူးနေမှုကို အာဏာပိုင်အချို့ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့ လယ် တွင် တည်ဆောက်သွားမည့် တယ်လီနောဖုန်းတာဝါတိုင်မြေ တူးနေသည့် ကိစ္စ ကို အာဏာ ပိုင် အချို့က ဖမ်းဆီးမည် ဟု ခြိမ်းခြောက်ခဲ့မှုကြောင့် လုပ်ငန်းခွင်ကို ယနေ့ မနက်ပိုင်းတွင်ရပ်ဆိုင်းလိုက်ရသည် ဟု လုပ်ငန်းခွင်လုပ်သားတို့က ဆိုသည်။
နိုင်ငံတော် အဆင့် တင်ဒါအောင်မြင်ခဲ့ပြီး ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ပုဂ္ဂလိကပိုင်မြေပေါ်တွင်တာဝါ တိုင်များထောင်စဉ် ကွမ်းခြံကုန်း အာဏာပိုင်တို့က တားဆီး ခဲ့ခြင်းဖြစ်သည်ဟု ၄င်းတို့က ဆိုသည်။
မြို့နယ် အုပ်ချုပ်ရေးမှုး၊ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က တာဝါတိုင်တည်ဆောက်မှု အပေါ် ထောက်ခံကြောင်း အစပထမ ပိုင်းတွင် ဆိုခဲ့သော်လည်း ယခုတွင် ရပ်ကွက် အာဏာပိုင်က ရဲဖြင့် ဖမ်းမည် ဟု ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်ဖြစ်မည်ကို စိုးရိမ်ပါသည် ဟု ဆိုသည့် တိုင်ကြားမှု အရ ဟု တားဆီးသည် ဟု အာဏာပိုင်တို့ကဆိုပြီး တိုင်တန်းသူများမှာလည်း ကုမ္ပဏီနှင့် ဆွေးနွေးပြီး သဘော တူပါသည်ဟု ယခင်ကလက်မှတ်ရေးထိုးခဲ့ကြသူများ ဖြစ်ကြောင်း အစည်းအဝေး မှတ်တမ်းများအရ သိရ သည်။
Popular Journal

မှတ်ချက်များ