ဗိုလ်ချုပ်အောင်ဆန်းခုံမင်တဲ့မိသားစု


၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့  လက်ထပ်ခဲ့ကြ သည်။ လက်ထပ်သည့်အချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် အ သက် ၂၇နှစ်၊ ဒေါ်ခင်ကြည်သည် အသက် ၃၁ နှစ်အရွယ် ဖြစ်သည်။ အိမ်ထောင်သည် ဘဝသို့ရောက်ရှိချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းက ” နိုင်ငံရေး လုပ်နေတဲ့အခါ အိမ်ထောင်ပြုတော့ သားမယားသံယောဇဉ်တွေက အတော်ရှိသားကွ၊ ငါဆိုရင်တောင် လူပျိုဘဝတုန်းက ဖြစ်သလိုနေခဲ့ပေမယ့် အခုသား သ မီးနဲ့ အိမ်ထောင်နဲ့ဆိုရင်ပဲ အနည်းဆုံးတွေးပူရတဲ့ သံယောဇဉ်ကလေးတော့ ရှိလာတာပဲ… ဘာဖြစ်ဖြစ်ကွာ…အိမ်ထောင်နဲ့ဆိုတော့ လူပျိုဘဝလို …တုံးတိုက် တိုက်၊ ကမ်း တိုက်တိုက်၊ သံယောဇဉ်ကင်းကင်းနဲ့ အလုပ်လုပ်လို့ မကောင်းလို့ ပါပဲကွာ” ဟု အပါးတော်မြဲ ဗိုလ်ထွန်းလှကို ပြောဖူးသည်။

မင်္ဂလာဆောင် အခမ်းအနားတွင် မမျှော်လင့်သောကိစ္စတစ်ခုမှာ သတို့သားနှင့် သတို့သမီးအားအခန်းဝ တွင် ဆေးရုံမှ ကိုကျော့မောင်နှင့်အခြားတစ်ယောက်က အပေါက်ဝ ကနေ ဆီးကြိုကာ လုပ်ရိုးလုပ်စဉ်
ရွှေကြိုးတားခြင်းကိုပြုလုပ်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ဖျတ်ခနဲဆောင့်ဆွဲကာဘေးသို့ လွှင့်ပစ်လိုက် သည်။

ထိုမမျှော်လင့်သော အပြု အမူကြောင့် မင်္ဂလာပွဲတက်ရောက်လာသည့် ဧည့်ပရိသတ်များအံအားသင့်စေခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လောကဝတ် ထုံးတမ်းအစဉ်အလာထဲက မလိုလား အပ်သော အပိုအ လုပ်ဟု ထင်မြင်တတ်သည့် သဘောရှိသည်။

” မြန်မာထုံးစံဆိုပြီး မင်္ဂလာဆောင်အခမ်းအနား အကြီးအကျယ်လုပ်ပြီး ငွေတွေ နင်းကန်ဖြုန်းကြတာအပိုပဲ.. လက်ထပ်တယ်ဆိုရင် ဘယ်သူမှရိုးရိုးနဲ့ ကျဉ်းကျဉ်း မလုပ် ချင်ကြဘူး၊ ပိုက်ဆံဖြုန်းပြီးလက်ထပ်မှ ဟုတ် တယ်ထင်ကြတယ်၊ ဒါကြောင့် ငါတော့ ခိုးယူတာ အအေးဆုံးပဲလို့ထင်တယ်၊ ဘာမှသိပ်မကုန်ပဲနဲ့ လိုရင်းရောက်တာပဲ မဟုတ် လား” ဟု ဗိုလ်ချုပ်အောင်ဆန်းက မင်္ဂလာဆောင်နောက် ကြောင်းပြန်အဖြစ်အ ပါးတော်မြဲ ဗိုလ်ထွန်းလှအားပြောဖူးသည်။

ဗိုလ်ထွန်းလှကဗိုလ်ချုပ်အောင်ဆန်းအားအိမ်ထောင်ပြုခြင်းအကြောင်းကို မေး တော့ သူကျောင်းနေကာလ အိမ်ထောင် ရေးစိတ်ကူးယဉ်ပုံများကိုပြောပြီးနောက်” ခုတော့ မိန်းမ ယူမှပဲဆိုပြီး ဇွတ်ယူလိုက်တာပေါ့ကွာ.. လူချင်းကြိုက်ပုံကလည်း မင်းတို့ ကောင်တွေလိုသံသရာအရှည်ကြီးလုပ်နေတာ မဟုတ်ဘူး၊ တိုတိုတုတ် တုတ် လိုရင်း သေ ဘာရောက်တယ် (very business like) နည်းပဲကွ” ဟုဗိုလ်ချုပ်အောင်ဆန်းကရှင်းပြ သည်။

” ဒါထက် နေစမ်းပါဦးကွာ..အဲဒီတုန်းက ငါဖြုန်းခနဲ မိန်းမယူပစ်လိုက်တော့ တပ်ထဲက ရဲဘော်တွေရဲ့ စိတ်မှာ ဘယ်လို ဖြစ်ကြသလဲ” ဟုဗိုလ်ချုပ်အောင်ဆန်းက မေးတဲ့အခါ ဗိုလ်မင်းလွင်က ” ဟာ ဘာဖြစ်ရမလဲ…ငါ တို့ဗိုလ်ချုပ်တော့သွားပြီ မိန်းမရ တယ်ဆိုရင်ပဲ တို့ရဲဘော်တွေကို သိပ်ဂရုစိုက်တော့မှာမဟုတ်ဘူး၊ တို့တပ် မတော်ကြီးလည်း ဘယ်လိုဖြစ်မလဲ မသိဘူး…အဲသလိုရဲဘော်တိုင်းလိုလို တွေး မိကြပြီး ဝမ်းန ည်းကြ တာပေါ့၊ တချို့ရဲဘော် တွေဆိုရင် မျက်ရည်တောင်ကျကြတာပေါ့ ဗိုလ်ချုပ်…” ဟုပြန်ဖြေခဲ့သည်။ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက ” ဟေ…ဟုတ်လား” ဟုဆိုပြီး ဘာမှ ဆက်မပြောတော့။

ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစု ဘဝရောက်ရှိချိန်တွင် ” ငါ့ကလေးတွေ ဆိုးချင်ဆိုးပါစေကွာ၊ အရေးကြီး တာက ကလေးဆိုတာ စိတ်ကောင်းရှိဖို့ရယ်၊ တည် ကြ ည်ဖြောင့်မတ်ခြင်းကို လိုအပ်တဲ့စိတ် ရှိဖို့ရယ်..ဒါပဲ အရေးကြီးတယ်” ဟုဆိုကာ မိသားစုဘဝအတွင်းက ဆည်းလည်းလေးတွေ အရေးပါပုံကို မီးမောင်းထိုးပြခဲ့ သည်။စ ကားပြောရာတွင်တိုတိုပြတ်ပြတ် ပြောလေ့ရှိသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့  ဇနီးမောင်နှံရာသက်ပန် ဆက်ဆံရေးတို့ တွင်တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ သိ တတ်မှု၊ သည်းခံခွင့်လွှတ် မှုများပါ ပြည့်စုံကြသဖြင့် တစ်ဦးကိုတစ်ဦး အပြစ်ရှာ၊အပြစ်ဖို့ ငြူစူခြင်းကင်းကာသာယာသော အိမ်ထောင် တစ်ခုဖြစ်ခဲ့သည်။

မြတ်လကာင်္သစ် | popular Journal

မှတ်ချက်များ