သြဂုတ် ၁၉ရက် က အမေရိကန် သတင်းထောက်
ဖြစ်သူ ဂျိမ်းဖိုလီ ကို ကွပ်မျက်ခဲ့သော ISIS စစ်သွေး ကြွ များသည် ယမန်နေ့တွင် နောက်ထပ် ဓားစာခံ တစ်ဦးဖြစ်သူ အမေရိကန် နိုင်ငံသား သတင်း
ထောက်စတီဗင်ဆော့ တလော့ ကို ကွပ်မျက် လိုက် သည့် ဗီဒီယိုကို ရိုက်ကူး လွှင့်တင် လိုက်ပြီ ဖြစ်
ကြောင်းသိရသည်။
ယခု တစ်ကြိမ် ကွပ်မျက်သူ မှာလည်း ဂျိမ်းဖိုလီ ကို ကွပ်မျက်ခဲ့သူ ပင်ဖြစ်ပြီး နောက်ခံ မြင်ကွင်း မှာလည်း ထိုစဉ်က သဲကန္တာရ မြင်ကွင်းပင် ဖြစ်ကာ စတီဗင် ကိုလည်း ဂျိမ်းဖိုလီ ကဲ့သို့ပင် လိမ္မော်ရောင် အပေါ်အောက် တစ်ဆက်တည်း ဝတ်စုံကို ဝတ်ဆင် ထား စေသည်ကို တွေ့ရသည်။
ကွပ်မျက်သူ က အိုဘားမားသည် ISIS လူထုကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက် နေသရွေ့ ၄င်းတို့က လည်း အမေရိကန် လူမျိုးကို ကွပ်မျက် နေဦးမည်ဟု ရာဇသံ ပေးလိုက်ပြီး ဗြိတိန်နိုင်ငံ အနေဖြင့် အမေရိ ကန် နှင့် မဟာမိတ် ပြုကာ ISIS ကို တိုက်ခိုက် နေခြင်းအား ရပ်တန်းက ရပ်ပေးရန်၊ မရပ်တန့်ပါက နောက် တစ်ကြိမ် တွင် ဗြိတိန် နိုင်ငံသား ဓားစာခံ ဒေးဗစ်ဟိန်းစ် ဆိုသူ၏ အလှည့် ဖြစ်သွား လိမ့်မည်ဟု ခြိမ်းခြောက်
ပြောကြားသည်။
ဆော့တလော့ကို ISIS တို့က ၂ဝ၁၃ ခုနှစ် သြဂုတ်လ တွင် ဆီးရီးယား ၌ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်။
ဆော့တလော့ မိခင် ရှယ်လီ က သြဂုတ် ၂၇ ရက်တွင် မိမိသားကို လွှတ်ပေး ရန် ဗီဒီယိုဖြင့် ရိုက်ကူး ပြောဆို အသနားခံခဲ့သည်။
ယခု ထုတ်လွှင့် ထားသော ဗီဒီယို သည် အစစ်အမှန် ဟုတ်၊မဟုတ်ကို အတည်ပြု ရဦးမည်ဟု အိမ်ဖြူတော် က ပြောကြား လိုက်ပြီး အမေရိ ကန် ထောက်လှမ်းရေး အေဂျင်စီက လည်း အပူတပြင်း ဆောင်ရွက်နေပြီ
ဖြစ်သော်လည်း နီးစပ်သော အသိုင်းအဝိုင်း က အဆိုပါ ဗီဒီယိုမှာ အစစ်အ မှန်ပင် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
သြဂုတ် ၂၄ ရက်တွင် အယ်လ်ကိုင်ဒါ နှင့် ဆက်နွှယ် နေသော ဆီးရီးယား အခြေစိုက် နာဆရာ ရှေ့တန်း လက်နက်ကိုင် အဖွဲ့မှ စစ်သွေးကြွ များက အမေရိကန် စာရေးဆရာ ပီတာသီအိုကားတစ် ကို လွှတ်ပေး ခဲ့သည်။ ပီတာ သည် ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ပျောက်ဆုံး နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
PyiChitThar


မှတ်ချက်များ