ဝေဘာဂီဈေးအတွင်း မိုးကြိုးပစ်ရာမှ အမျိုးသမီးသုံးဦး ဒဏ်ရာရ

မြောက်ဥက္ကလာပမြို့ နယ် ဝေဘာဂီဈေးအတွင်း စက် တင်ဘာ ၂၆ ရက် နံနက်က မိုးကြိုးပစ်ရာ လူသုံးဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း မြောက် ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့ သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မှ သတင်းရရှိသည်။

စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်က မိုးနှင့်အတူ လေ
ပြင်းများ တိုက်ခိုက်ပြီးနောက် ဈေးထဲသို့ မိုးကြိုးပစ်ချခဲ့ရာ စက် ကွင်းမလွတ်၍ ဈေးသည်အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထိခုက်ဒဏ်ရာရရှိ သူ သုံးဦးအား မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့ကုသလျက်ရှိ ကြောင်း သ တင်းရရှိသည်။

‘‘ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး။ မူးပြီးအော့အန်သွား ရုံလောက်ပဲ။ ရာသီဥတုက လေ ပြင်းထန်ပြီးတော့ မိုးရွာတယ်။ အဲ ဒီအချိန် မိုးကြိုးပစ်တာ ဒီလူတွေ က စက်ကွင်းမလွတ်လို့ နည်း နည်းထိသွားတာ။ အဲအ ချိန်ဈေး မှာတော့ လူသိပ်မရှိတော့ပါဘူး။ ဖြစ်ပြီး နာရီဝက်အတွင်းမှာ ဆေး ရုံပို့ခဲ့တယ်’’ဟု ရပ်ကွက်အုပ် ချုပ် ရေးမှူး ဦးစိန်ဝင်းက ပြောသည်။

ဒဏ်ရာရခဲ့သူထဲမှ အမျိုးသမီးတစ်ဦးမှာ မိုးကြိုးမပစ်မီမိုဘိုင်းဖုန်း ပြောနေပြီး အခြားတစ်ဦးမှာ ဓားကိုင်ပြီး အာလူးလှီးနေသဖြင့် မိုးကြိုးစက်ကွင်းမိကာသတိလစ် မေ့မြောသွားခြင်းဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သူတစ် ဦးက ပြောကြားသည်။

‘‘အမျိုးသမီးသုံးဦးထဲမှာ နှစ်ဦးကတော့ ဖြစ်ဖြစ်ချင်း သတိ မေ့သွားသေးတယ်။ နောက်မှ သတိပြန်ရတာ’’ ဟု မျက်မြင်သက်သေအမျိုးသားတစ်ဦးက ပြောကြားသည်။

မိုးကြိုးစက်ကွင်း ထိမှန်ခံရသူ အမျိုးသမီးသုံးဦးမှာ အသက် (၃၀)နှစ်ကျော် နှစ်ဦးနှင့် အသက်(၂၃) နှစ်အ ရွယ်တို့ဖြစ် ကြောင်း သိရသည်။ ယခုနှစ်အ တွင်း မိုးကြိုးထိမှန် သေဆုံးခဲ့ သူဦးရေ ၆၀ ကျော် ရှိပြီဖြစ် ကြောင်း သတင်းရရှိသည်။

အေးမြတ်သူ | 7day

မှတ်ချက်များ