သီရိလင်္ကာက ဗုဒ္ဓဘာသာ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Bodu Bala Sena (BBS) အဖွဲ့နဲ့ မြန်မာနိုင်ငံက ၉၆၉ အဖွဲ့ ဦးဆောင် ဆရာတော် ဦးဝီရသူတို့ဟာ သီရိလင်္ကာမှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။
ကမ္ဘာပေါ်မှာ လွတ်လပ်တဲ့ အယူအဆတွေ၊ ယာဉ်ကျေးမှုနဲ့ လှုမှုရေးရာတွေက တဆင့် ဗုဒ္ဓဘာသာရဲ့ နယ် ပယ်နဲ့ စရိုက် လက္ခဏာတွေကို တိုက်ရိုက် ထိခိုက်နေပြီလို့ အစချီပြီး ပူးတွဲသဘောတူညီချက်မှာ ဖော်ပြထား ပါတယ်။
ဗုဒ္ဓဘာသာ အပေါ် ဘယ်လို ထိခိုက်မှုတွေ ရှိနေလဲ၊ ဘာတွေ လုပ်ဆောင်မှာလဲ ဆိုတာကို ၉၆၉ ဦးဆောင် ဆရာတော် ဦးဝီရသူကို မေးမြန်းကြည့်ထားပါတယ်။
BBC Burmese

မှတ်ချက်များ