အာရပ် လေကြောင်းတိုက်မှု အီရတ် ဆန့်ကျင်
အီရတ် နိုင်ငံထဲမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေမှာ အာရပ်နိုင်ငံတွေ ပါဝင် တိုက်ခိုက်တာကို လုံးဝ ဆန့်ကျင်ကြောင်း အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ဘီဘီစီ ကို ပြောပါတယ်။
နိုင်ငံခြား မြေပြင် တပ်ဖွဲ့တွေကိုလည်း ဘယ်နိုင်ငံက တပ်ဖွဲ့ကို မဆို အီရတ် နိုင်ငံတွင်းမှာ လက်ခံမှာ မဟုတ်ေ ကြာင်း မစ္စတာ အဘာဒီက ဘီဘီစီ နဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။
အီရတ်နဲ့ ဆီးရီးယား မှာရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ အပေါ် အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ ဘာရိန်း၊ ကာတာနဲ့ ယူအေအီး စတဲ့ အာရပ် ၅ နိုင်ငံလည်း ပါဝင် တိုက်ခိုက် ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ အာရပ် နိုင်ငံတွေထဲက ၄ နိုင်ငံရဲ့ တိုက်လေယာဉ်တွေဟာ အီရတ် နိုင်ငံထဲက IS ပစ်မှတ်တွေကို မတိုက်ခဲ့ဘဲ ဆီးရီးယား နိုင်ငံထဲက ပစ်မှတ်တွေကိုသာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
BBC

မှတ်ချက်များ