“တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ
ရေးသဘောတူညီချက် လက်မှတ် ရေးထိုးရေး ကိစ္စ ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံရဲ့
နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး
ဆွေးနွေးပွဲများ စတင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်း မှုများကို ရေရာသေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလိုတယ်။”
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက အစိုးရဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှု မရှိလို့ အပစ်ရပ်လက်မှတ်ထိုးဖို့ ကြန့်ကြာနေတာလို့ ပြောပါတယ်။
![]() |
| ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း |
နံပါတ် ၂ အနေနဲ့ကတော့ ကျနော်တို့ ဧပြီလမှာ သဘောတူထားပြီးသားဖြစ်တဲ့ လုံခြုံရေးဆိုင် ရာ ပြန် လည်ပေါင်းစည်းခြင်း ကိစ္စကို နိုင်ငံရေး
တွေ့ဆုံဆွေး နွေးပွဲမှာ ဆွေးနွေးရမယ့် အကြောင်း အရာအဖြစ်နဲ့ ကျနော်တို့ သဘောတူထားပြီးဖြစ်ပါတယ်။
ဒါကို အခုစက်တင်ဘာမှာ နိုင်ငံရေးဆွေးနွေးမှု လမ်းပြမြေပုံတခုအဖြစ်နဲ့ ပြန်ပြီး တင်ပြတာဟာ နိုင်ငံရေးတွေ့ ဆုံဆွေးနွေး မှု ဖြစ်ပေါ်လာရေးအတွက်ရော၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုဖို့ အတွက်ရော အများကြီး အဟန့်အတား ဖြစ်စေတယ်လို့ ကျနော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို ရုဒ်မက်တခုအနေနဲ့ ဆွေးနွေးမယ်၊ ကျနော်တို့အတွက် နိုင်ငံရေးအာမ ချက်ချက်တစုံတခုမှမရှိခင် ဒါကို ဆွေးနွေးပြီးမှ အဖြေရှာမယ်ဆိုတာက ဒီတွေ့ဆုံဆွေးနွေးပွဲဟာ တွေ့ဆုံ
ဆွေးနွေး အဖြေရှာနည်းမဟုတ်ဘဲနဲ့ အဖြေမရခင်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း
တွေ လက်နက်ဖျက်သိမ်းစေတဲ့အနေအထားမျိုး ရောက်စေနိုင်တယ်လို့ ကျနော်တို့ စိုးရိမ်ပါတယ်။
အဲဒီအတွက် အဲဒီအတွက် ဒီအချက်ကို သမ္မတကြီးတို့၊ ကာချုပ်ကြီးတို့ကနေပြီးအလေးအနက်စဉ်းစားပြီး
ပြင်ပေးဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”
“နောက် အရေးကြီးတဲ့အချက်က ကျနော်တို့ လော်ခီးလာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်းအဖြစ်နဲ့ စတင်သွင်းကတည်းက ကြားကာလအစီအစဉ်ဆိုတာ ပါပါတယ်။
အဲဒါက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကာလမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးရဲ့ နဂိုရပ်တည်ချက်ကို အသိအမှတ်ပြုဖို့ရယ်၊ ကြားကာလမှာ လုပ်ပိုင်ခွင့်ပေးဖို့ရယ် ပဲ ဖြစ်တယ်။ ယနေ့အထိ အစိုးရက ကောင်းမွန်တဲ့ တုံ့ပြန်ချက် မရှိသေးဘူး။ နောက်ပြန်တင်ပြမယ် ၊ နောက်ပြန်တင်ပြမယ်၊ ပြန်ယူသွားမယ်ဆိုပြီး ယနေ့အထိ အသေးစိတ်ဆွေးနွေးမှု မလုပ်ဘဲနဲ့ နှောင့်နှေး ကြန့် ကြာအောင် လုပ်နေတာ တွေ့ရပါတယ်။ ဒါမဖြစ်သင့်ဘူး၊ မြန်မြန်ဆန်ဆန် သဘောတူစာချုပ် ချုပ်ချင် ရင် ပြဿ နာကို ကျနော်တို့အနေနဲ့ မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။”
ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာ တူးဂျာကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ရွှေ့ဖို့မသင့်ဘူးလို့ ပြောပါတယ်။
![]() |
| ဒေါက်တာ တူးဂျာ |
ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်အောင်လုပ် ကြ ပါ။ လုပ်ကြစေချင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစားပွဲဝိုင်း ကိုလည်း အခု လက် ရှိ သမ္မတလက်ထက်မှာ စတင်နိုင်ရင်
တော့ ကောင်းတာပေါ့။ သူ့လက်ထက်ကျမှ၊ ဟိုလူ့လက် ထက်ကျမှ ဆိုတာမျိုးတွေ မဖြစ်စေချင်ဘူး။ လက်ရှိအချိန်အခါမှာ ကျနော်တို့ လုပ်နိုင်ဖို့ အကောင်းဆုံးပဲ။ မလုပ်နိုင်သည့်တိုင်အောင် ရွေးကောက်ပွဲကို မရွှေ့စေချင်ဘူး။ ဒါကျနော် ပွင့်ပွင့်လင်းလင်း စေတနာနဲ့ ပြောတာပါ။”
ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း သမ္မတ အခုလို သဘောမျိုးထုတ်ပြောတာဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ သုံးသပ် ပြောပါတယ်။
![]() |
| ဒေါက်တာ ညိုညိုသင်း |
ရွှေအောင် | DVB




မှတ်ချက်များ