ဝိုင်စည်အတွင်း ပြုတ်ကျမှုကြောင့် ၀ိုင်ကျွမ်းကျင်သူ သေဆုံး
ဓားသမားဟာ ဓားကြောင့်ပဲ သေရတယ်။ မြွေဆရာဟာ မြွေကြောင့်ပဲ သေရတယ် ဆိုတဲ့ စကားအတိုင်း စပိန်နိုင်ငံက ၀ိုင်ကျွမ်းကျင်သူ တစ်ယောက်ဟာ သူကျွမ်းကျင်လှတဲ့ ၀ိုင်တွေကြောင့်ပဲ ဘ၀တစ်ပါးကို ကူးပြောင်း ခဲ့ရပြီ ဖြစ်ပါတယ်။
ဒီအဖြစ် အပျက်ဟာ စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသတစ်ခု ဖြစ်တဲ့ ဘာရီယို့စ် ဒေသမှာ ဖြစ်ပွားခဲ့တာ
ဖြစ်ပြီး ၀ိုင်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်တဲ့ မစ္စ နီရီယာ ပီရက်ဇ်ဟာ ၀ိုင်စက်ရုံအတွင်းက သိုလှောင်ခန်းထဲ မှာ ကစော်ဖောက်ထားတဲ့ ၀ိုင်တွေကို သွားရောက် စစ်ဆေးရင်း ခုလို အသက် အန္တရာယ်နဲ့ ကြုံခဲ့ရတာ ဖြစ် ပါတယ်။
သေဆုံးချိန်မှာ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ မစ္စ နီရီယာ ဟာ စပိန်နိုင်ငံရဲ့ နာမည်ကြီး ၀ိုင်လုပ်ငန်း ရှင် တစ်ဦးဖြစ်တဲ့ ဦးလေးဖြစ်သူ ရာအူးလ် ပီရက်ဇ်ရဲ့ ၀ိုင်စက်ရုံမှာ အသက်သေဆုံး ခဲ့တာဖြစ်ပြီး သူမရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို ၀ိုင်စည်ကြီးထဲမှာ ဦးလေးရာအူးလ်က ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ကောက်ချက်တွေ အရ မစ္စ နီရီယာဟာ ကစော်ဖောက်ထားတဲ့ ၀ိုင်တွေကို စစ်ဆေးနေစဉ် မှာပဲ ၀ိုင်တွေက ရိုက်ခတ်တဲ့ အခိုး အငွေ့တွေကြောင့် သတိလက်လွတ် ဖြစ်ပြီး စည်အတွင်း ပြုတ်ကျသွား ခဲ့တာလို့ ဆိုပါတယ်။
အရေးပေါ် အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ သတင်းပေးမှု ရရခြင်းမှာပဲ အခင်းဖြစ်ပွားရာ နေရာကို အ
ရောက်သွားခဲ့ကြ ပေမယ့် မစ္စ နီရီယာရဲ့ အသက်ကို ကယ်ဖို့တော့ မမီခဲ့ပဲ မူးဝေစေလောက်တဲ့ အခိုးအငွေ့
တွေ ကြားထဲက သူမရဲ့ ခန္ဓာကိုယ် ကိုပဲ သယ်ထုတ် ခဲ့ကြရ ပါတယ်။
mizzima

မှတ်ချက်များ