ပျောက်ဖို့အတွက် ဆရာဝန်တစ်ဦးဟာ ကိုယ့်လျှာကို ကိုယ်ကိုယ်တိုင် ပြန်လည်ခွဲစိတ်ခဲ့ပါတယ်။
DailyMail ရဲ့ဖော်ပြချက်အရ ကျန်ရှန်မင် ဆိုတဲ့ တ ရုတ်နိုင်ငံက ဆရာဝန်တစ်ဦးဟာ ထူးခြားတဲ့ ဒီခွဲစိတ် မှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာ သူ့ရဲ့
ဟောက် သံကို ခံလာရတဲ့ မိန်းမဖြစ်သူအတွက်လို့ ဆိုပါတယ်။
ဟောက်ခြင်းဟာ လေလမ်းကြောင်းပိတ်နေတဲ့ အခါ မှာ ဖြစ်ပေါ်ပါတယ်။လေဟာ ပျော့နေတဲ့တစ်ရှုးတွေ ကို တိုး ထွက်ရတဲ့အတွက် အသံထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါက်တာ ကျန်ရှန်မင်ဟာ လျှာအနောက်ပိုင်းမှာ တူးမြောင်းပေါက်လိုပြုလုပ်ပြီး ဒီအပေါက်ထဲ ပါးလွှာတဲ့ ပိုက်လေးနှစ်ခု စိုက်ထားတာဖြစ်ပါတယ်။
ညဘက်ရောက်တဲ့အခါမှ ဒီပိုက်တွေကို သွားနဲ့ချိတ်ထားပြီး လျှာပျော့မကျသွားဖို့ တားစီးထားမှာဖြစ်တဲ့အ တွက် ဟောက်သံဖြစ်ပေါ်လာစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။စမ်းသပ်ကာလအနေနဲ့ သုံးလတပ်ဆင် ခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
Hunan ပြည်နယ် Changsha မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၄င်းက “ပုံမှန်စားသောက် မှုနဲ့ စကားပြောခြင်းတွေကို လုံးဝထိခိုက်မှာ မဟုတ် ပါဘူး။ အလွန် လုံခြုံပါတယ်”လို့ ပြောကြားခဲ့ပါ တယ်။
phothutaw


မှတ်ချက်များ