![]() |
| ဦးဇော်ဝင်းလေးကို စစ်တုရင်ပြိုင်ပွဲတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ − Ye Lin Aung Facebook) |
အသက် (၅၂) နှစ်အရွယ်ရှိ မြန်မာ့လက်ရွေးစင် စစ်တုရင် ကစားသမား ဦးဇော်ဝင်းလေးသည် ဆီးချိုရော ဂါကြောင့် မန္တလေးမြို့နေအိမ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
‘‘အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှာ ဦးဇော်ဝင်းလေးက အိမ်မှာ မူးလဲသွားတယ်။ သူ့မှာ သွေးတိုးလည်းရှိ တယ်။ ဆီးချိုက မတရားတက်တာကို မခံနိုင်တဲ့ အနေအထားထင်တယ်။ အိမ်မှာ ပဲ ကွယ်လွန်တာပါ’’ ဟု မန္တလေး တိုင်းဒေသကြီး စစ်တုရင် ဆပ် ကော်မတီအတွင်းရေးမှူး ဦးနေ ၀င်းက ပြောသည်။
အသက် (၁၀) နှစ်အရွယ်မှ စတင်၍ စစ်တုရင်ကစားခဲ့သည့် ဦးဇော်ဝင်းလေးသည် ၁၉၈၈ ခုနှစ် တွင် လက်ရွေးစင်စစ်တုရင်ကစား သမားအဖြစ် စတင်ခဲ့ပြီးနောက် မြန်မာပြည် ချန်ပီယံလေးကြိမ် ရရှိခဲ့သည်။ ၎င်းသည် နိုင်ငံတကာ ပြိုင်ပွဲ ၁၃ ခုခန့်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာ ဆုတံဆိပ် စုစုပေါင်းဆယ် ခုခန့် ရရှိခဲ့ သူဖြစ်သည်။
‘‘သူ့ကို လူတွေ သိပ်မသိကြ ဘူး။ ဒါပေမဲ့ သူဟာ မြန်မာနိုင်ငံ ရဲ့ ကမ္ဘာ့စစ်တုရင်အဆင့် တစ်ဦး တည်းသော ကစားသမားပါ’’ ဟု ဦးဇော်ဝင်းလေး၏ ပရိသတ်တစ် ဦးက ပြောသည်။
ဦးဇော်ဝင်းလေးသည် ၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်မှ ချီးမြှင့်သည့် အမြင့်ဆုံး ဂရင်းမာစတာ ဘွဲ့ကိုရရှိခဲ့သည်။
၎င်း၏ နိုင်ငံတကာ ပြိုင်ပွဲ များအနက် ၂၀၀၀ ပြည့်နှစ်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပခဲ့သည့် Japfa Classic International Chess Tour−nament 2000 ပြိုင်ပွဲ၌ ရုရှားနိုင်ငံမှ ကမ္ဘာ့စစ်တုရင်ချန်ပီယံဟောင်း အနာတိုလီကားပေါ့နှင့် သရေကျခဲ့သည့် ပွဲစဉ်မှာ ထင်ရှားခဲ့သည်။
‘‘မြန်မာ့ပထမဆုံး ဂရင်းမာ စတာ ဖြစ်တဲ့ ဦးဇော်ဝင်းလေး ကွယ်လွန်သွားတာဟာ မြန်မာ့စစ် တုရင် လောက အတွက် ကြီးမား တဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ သူ့ခြေ လှမ်းအတိုင်း ဂရင်းမာစတာတွေ ဆက်ထွက်လာမယ်လို့ ယုံကြည် ပါတယ်။ သူမရှိတော့ပေမယ့် သူ့ အမည်ကတော့ အမြဲတမ်း ရှင် သန်နေမှာပါ’’ ဟု ဦးဇော်ဝင်းလေး
နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စစ် တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင် မောင်လွင်က အမှတ်တရ ၀မ်းနည်းစကား
ပြောကြားခဲ့သည်။
ဦးဇော်ဝင်းလေးသည် မကွယ်လွန်မီတစ်ရက်အထိ ၂၀၁၄ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် ပြင်ဦးလွင် မြို့ကိုယ်စားပြု (အသင်းလိုက်) ပြိုင်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်သွားခဲ့ပြီး ၎င်းပါဝင်ခဲ့သည့် ပြင်ဦးလွင် အသင်းက ဒုတိယဆု ရရှိခဲ့သည်။
7day

မှတ်ချက်များ