ရွှေမှုံရတီ ပြောပြသမျှ
ရွှေမှုံ အခုရိုက်နေတဲ့ဇာတ်ကားမှာ စုန်းမ ကာရိုက်တာပေါ့၊ ရွှေမှုံက ဘဝအဆက်ဆက် စုန်းမပေါ့။
ဘာလို့ ဒီဇာတ်ကားရိုက်ဖို့ လက်ခံလိုက်တာလဲ ဆိုရင် ရွှေမှုံက စုန်းကားတွေကြည့်ရတာ ဝါသနာပါတယ်။
ကာရိုက်တာကိုလည်း အရမ်းသဘောကျတယ်၊ အဲဒါကြောင့် ရိုက်ဖို့လက်ခံခဲ့တာပါ။ ပြီးတော့ အဲဒီမှာ ရွှေမှုံ လုပ်ကွက်တော်တော်ရပါတယ်။
ရွှေမှုံလည်း ကြိုးစားမှာပါ။ ရွှေမှုံ အကောင်းဆုံး ဖြစ်အောင် ကြိုးစားချင်စိတ်လေးလည်း ဖြစ်လာလို့ပါ။
အဲဒီကားမှာ ကိုမြင့်မြတ်ရယ်၊ ကိုသူထူးစံရယ် ပါပါတယ်။ နောက် သရုပ်ဆောင် မေမြင့်မိုရ်လည်းပါတယ်။
သရုပ်ဆောင်တယောက်ဖြစ်နေတဲ့ အခုလက်ရှိ အနေအထားကို ကျေနပ်ပါတယ်။ ရွှေမှုံ အကောင်းဆုံးဖြစ်
အောင်တော့ ကြိုးစားပြီး နေနေတာပါပဲ။ ဖက်ရှင်ဆိုရင်တော့ Free Style ကို ကြိုက်ပါတယ်။ အခုလက်ရှိမှာ ဆံပင်တိုတိုလေး ညှပ်ထားတော့ ယောကျာ်းလေးစတိုင်တွေ ဝတ်ဖြစ်နေပါတယ်။
သရုပ်ဆောင်တယောက်ဖြစ်တဲ့အတွက် ကိုယ့် ရဲ့ လူငယ်ဘဝမှာ စိတ်မလွတ်မလပ် ဖြစ်တာမျိုး မရှိပါဘူး။ လွတ်လွတ်လပ်လပ်ပါပဲ။ ရွှေမှုံက အမြဲတမ်း ပျော်ပျော်နေတတ်ပါတယ်။ လူငယ်တယောက် အနေနဲ့ကိုယ့် ဘဝအတွက် ကြိုးစားမှုတွေကို စိတ်ထဲမှာ ဘယ်လောက်အထိ ထည့်ထားလဲဆိုရင် အဓိက ကတော့ လူ တယောက်က ကိုယ်လုပ်တဲ့ အလုပ်တခု ကို ပြီးမြောက်အောင်လုပ်နိုင်ဖို့ အရေးကြီးတယ်၊ အကောင်းဆုံး
ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာပေါ့နော်။ ရွှေမှုံ့အမေက အမြဲလိုက်ပြီး ထိန်းပေးနေတဲ့ အပေါ် မှာ ဘယ်လို ခံစားရလဲဆိုတော့ အမေရှိနေလို့ပဲ ရွှေမှုံ အစစအရာရာ အဆင်ပြေနေတာပါ။
ကိုယ်ရွေးချယ်ခဲ့တဲ့ ဒီသရုပ်ဆောင်အလုပ်ကိုလည်း ကျေနပ်မှုရှိပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးရင် ပြီးမြောက်အောင် လုပ်ဖို့ ကြိုးစားရမှာပါ။ ဘယ်အရာမဆို ရွှေမှုံ အလုပ်စလုပ်ကတည်း က ကြိုးစားလုပ်ဆောင်ခဲ့တာ ပါ။ အခုချိန်အထိလည်း ကြိုးစားတာမလျော့ပါဘူး။ အမြဲတမ်းလည်း ကြိုးစား
နေမှာပါပဲ။ ကိုယ့်ဘာသာ လည်း အသစ်တယောက်လို့ ခံယူပြီး ရွှေမှုံကြိုးစား နေမှာပါပဲ။
ကြိုးစားမှုရှိမှ အောင်မြင်မှုရှိမယ်ဆိုတဲ့ စကား က လက်ခံစရာပါ။ ကြိုးစားမှုရှိမှ အောင်မြင်မှုရှိမယ် ဆိုတာ မှန်တော့မှန်ပါတယ်။ ဒါပေမယ့် မမှန်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကြိုးစားမှုအပြင် နာခံတတ် မှုပါ လိုတယ်လေ။ သင်ပေးတာကို မနာခံရင်၊ မကြိုးစားဘူးဆိုရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကြိုးစားမှုရယ်၊ နာခံတတ်မှုရယ်ပါ လိုအပ်ပါတယ်။
လူငယ်တွေ ဘဝမှာ ကြိုး စားဖို့ ဘယ်လိုစကားမျိုးတွေက ခွန်အားဖြစ်စေမယ် ထင်သလဲဆိုရင် အဓိက ကတော့ လေးစားမှု (Respect) ပါပဲ။ အဓိက က ကြီးသည်ငယ်သည် မဟုတ်ဘဲ လူတယောက်ကို Respect
ပေးရင် ကျေနပ်ကြတာပဲလေ။ ရွှေမှုံ့ဆရာတွေဟြေတဲ့ စကားပါ။
စာဖတ်ရင်တော့ များသောအားဖြင့် ရွှေမှုံက သမိုင်းကြောင်းဆန်ဆန်၊ မှော်ဆန်ဆန် စာမျိုးတွေ ဖတ်တာများ ပါတယ်။ရွှေမှုံက စာဖတ်တာနဲ့ ပတ်သက်ရင်တော့ အကုန်ဖတ်တယ်။ စာဖတ်ရတာ ဝါသနာပါတယ်။ သီချင်းနားထောင်ရတာ ဝါသနာပါတယ်လေ။ပြီးတော့ ရွှေမှုံ ပညာရေး ကိုလည်း ဆုံးခန်းတိုင်အောင် လုပ်မှာပါ။
ကိုယ်က ပရိသတ်သိတဲ့ အနုပညာရှင်တယောက် ဖြစ်နေပြီဆိုတော့ ဘယ်လို ထိန်းထိန်းသိမ်းသိမ်းနေဖို့ စဉ်းစားထားလဲဆိုရင် ရွှေမှုံက အစကတည်းက လက်လွတ်စပယ်နေတာမှ မဟုတ်တာ။ ရွှေမှုံ့အမေ တယောက်လုံး ရှိနေတဲ့အတွက် ဘာမှစိတ်ပူစရာ မရှိပါဘူး။ ရွှေမှုံ့အမေကရော လူမှုဆက်ဆံရေးနဲ့ ပတ် သက်ပြီး အများကြီး ရွှေမှုံ့ကို သင်ပေးပါတယ်။
ဒါပေမယ့် ရွှေမှုံကတော့ တယောက်တည်း နေတတ်လို့လား မသိဘူး၊ လူအများနဲ့ဆက်ဆံရတာကို သိပ် သဘောမကျဘူး။ လူအများနဲ့ သွားတာ လာတာ စားတာသောက်တာတွေ သိပ်မကြိုက်ဘူး။
ဒါ့ကြောင့် သိပ်ပြီး ဘာမှ ထူးထူးခြားခြား ဆုံးရှုံးမှု မရှိတဲ့ အတွက် သာမန်လူတယောက်ဘဝနဲ့ ဘာမှ မကွာခြားပါဘူး။
ဥပမာဟြေရရင် အိမ်မှာ တယောက် တည်းနေပြီးတော့ အနားယူနေတဲ့အချိန်မှာ အမေ ကလွဲပြီး တခြားသူ စကားလာဟြေရင် မကြိုက်ဘူး။ အာရုံအနောက်မခံနိုင်တဲ့အထဲမှာပါတယ်။ ဒါကြောင့် စိတ်လွတ်လပ်မှုက အဓိကမကျဘူး။
အဓိကက စိတ်ချမ်းသာဖို့က အရေးကြီးတယ်၊ ကိုယ့်ဘဝမှာ အမြဲတမ်း စိတ်ချမ်းသာအောင်နေမယ်လို့ စိတ်ကူး ထားပါတယ်။
မြတ်သူအောင်

မှတ်ချက်များ