ခါကာဘိုရာဇီ ရေခဲတောင်ကနေ ပြန်အဆင်းမှာ အခြေ စိုက်စခန်းနဲ့ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေ တဲ့ သဘာဝခေါ်သံဖောင်ဒေးရှင်းက အဖွဲ့ဝင် ၂ ယောက် ရှာဖွေမှုတွေကို ယာယီ ရပ်နားလိုက်ကြောင်း ထူး
ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောကြားလိုက် ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ်မှာ မနေ့က ကျင်းပတဲ့ ခါကာဘိုရာဇီရေခဲတောင်မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုအတွေ့အကြုံရှင်းလင်းပွဲမှာ ထူးဖောင်ဒေးရှင်း ပြန် ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုက ပြောကြားခဲ့တာပါ။
"ရာသီဥတု ရေခဲတောင်ရဲ့အခြေအနေ နောက် ပြီးတော့ ရှာဖွေရေးက ၁ လ နည်းပါးကြလာတဲ့ အခါကျ
တော့ ကျနော်တို့အသုံးပြုတဲ့ ရှာဖွေရေး ရဟတ်ယာဉ်တွေ ပစ္စည်းကိရိယာတွေ အဲ့ဒါတွေကို ကျနော်တို့ မနားပေးရမယ့်အပိုင်းတွေရှိတဲ့အတွက် ခေတ္တယာယီ ရပ်ဆိုင်းမယ်လို့ Page ပေါ်မှာတင်ထားပါ တယ်၊ ဘယ်နေ့ဘယ်ရက်ဆိုပြီးလို့တော့ ကျနော်တို့ တိတိကျကျမထုတ်ပြန်နိုင်သေးဘူး တကယ်လို့ သိရင်တော့ ကျနော်တရားထုတ်ပြန်သွားမှာပါ"
တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း) က အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ဟာ သြဂုတ်လ ၃၁ ရက်နေ့က အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ် တဲ့ ခါကာဘိုရာဇီ တောင်ထိပ်ကနေ ပြန်အဆင်းမှာ အဆက်အသွယ်ပျက်တောက်ပြီး ပျောက်ဆုံးနေတာ
ဖြစ်ပါတယ်။
အီတလီနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဟာ ခါကာဘိုရာဇီရေခဲတောင်ရဲ့ အမြင့်ပေ ၁၆ဝဝဝ အထိ ရဟတ် ယာဉ်နဲ့ သွားရောက် ရှာဖွေခဲ့ကြပြီး ရာသီဥတုဆိုးရွားတဲ့အတွက် ဆက်လက်မရှာဖွေ နိုင်ခဲ့ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦး ရှာဖွေရေးလုပ်ငန်းတွေကို အမေရိကန်၊ အီတလီ၊ နိပေါ၊ ဂျပန်နဲ့ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ထူးဖောင်ရှင်းကပူပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အဲ့ဒီတောင်တက်သမား ၂ ဦးကိုရာသီဥတုအကောင်းဆုံးအချိန်တွေဖြစ်တဲ့ လာမယ့် နိုဝင်ဘာနဲ့ မေလတွေ မှာ ဆက်လက် ရှာဖွေဖို့ ဒီအီတလီကယ်ဆယ်ရေးအဖွဲ့က ထူးဖောင်ဒေးရှင်းကို အကြံပြုခဲ့တယ်လို့လည်း သိရပါတယ်။
RFA Burmese

မှတ်ချက်များ