![]() |
| ဆီရာယာလီယွန်နိုင်ငံ Freetown မြို့က ကက်သလစ်တွေ အီဘိုလာ ပျံ့နှံ့မှုအတွက် ဝတ်ပြုဆုတောင်းခဲ့ကြ (Credit: AFP) |
အီဘိုလာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့တဲ့ အနေ အထားနဲ့ လေယာဉ် အ သွား အ လာ တွေ ကို လေ့လာ ပြီး တဲ့ နောက် ပြင်သစ်နိုင်ငံမှာ ရောဂါ ပျံ့နှံ့နိုင်ခြေ ၂၅% ရှိပြီး ဗြိတိန် မှာတော့ ၅၀% ရှိတယ်လို့ ပြောသွား တာပါ။
အီ ဘို လာ ရော ဂါ ပိုး ဖြစ် နေတဲ့ နိုင်ငံတွေကို လေယာဉ် ပြေးဆွဲမှု ရပ်ဆိုင်း ထားတာတွေ အပြင် အဲဒီဒေ သကို လေယာဉ် သွားလာမှုနှုန်း လျှော့ချ လိုက်ပေမယ့် တချို့ ခရီးသည် တွေက ရောဂါဖြစ်နေတဲ့ နိုင်ငံက မဟုတ်သလို ဟန်ဆောင်ပြီး သွားလာ နေတဲ့အတွက် ပြဿနာ ဖြစ်လာ နိုင်တယ်လို့ သုံးသပ် ကြပါတယ်။
မကြာသေးခင် တုန်းကပဲ လိုင်ဘေးရီးယား နိုင်ငံက လူတစ်ဦးဟာ ဥရောပ ကနေ တဆင့် အမေရိကန်နိုင်ငံ ကို ရောက်လာခဲ့ပါတယ်။
လိုင်ဘေးရီးယား လာတဲ့အကြောင်းကို အမှန်အတိုင်း မပြောဆိုပဲ နာမကျန်း ဖြစ်တဲ့ နောက်ပိုင်းမှသာ အမှန် ကို ထုတ်ပြောခဲ့တာပါ။
အလားတူ ဖြစ်ရပ်မျိုး ဥရောပမှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
မတ်လက စတင်ပြန့်ပွားတဲ့ အီဘိုလာ ပိုးကြောင့် အခုဆိုရင် သေဆုံးသူ အယောက်ပေါင်း ၃၄၀၀ ရှိသွားပြီး လူပေါင်း ၇၂၀၀ ရောဂါ ကူးစက်ခံနေရပါတယ်။
ABC Radio Australia

မှတ်ချက်များ