မြို့တွင်း အငှားယာဉ်များကို မထသ ကသာ လိုင်စင် ထုတ်​ပေး​တော့မည်


ရန်ကုန်မြို့တွင်း ​ပြေးဆွဲ​နေသည့် မြို့တွင်း အငှားယာဉ်များကို ရန်ကုန်တိုင်း ​မော်​တော်ယာဉ် လိုင်း​ပေါင်းစုံ ကြီးကြပ်​ရေး​ကော်မတီ (မထသ) ကသာ လိုင်စင်ထုတ်​ပေး​တော့မည်ဟု မထသ ဥက္ကဋ္ဌ ဦးလှ​အောင်က ​ပြောသည်။

မြို့တွင်း အငှားယာဉ်များကို ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး ​ကော်မတီကလိုင်စ င်ထုတ်​ပေး​ခဲ့​သော် လည်း ​အောက်တိုဘာ ၁ ရက်က စတင်ကာ မထသ မှ ထိုတာဝန်ကို လွှဲ​ပြောင်းတာဝန်ခြင်း ဖြစ်သည်။

“စည်ပင်ဥပဒေ လုပ်ထုံးလုပ်နည်းတွေထဲမှာ မပါလို့ အစိုးရအဖွဲ့က မထသကို လွှဲပြောင်းလုပ်ကိုင်ဖို့ ညွှန်ကြား ချက်ပေးတာပါ” ဟု ဦးလှ​အောင်က ​ပြောသည်။

သို့​သော် ယာဉ်လိုင်စင်ပြုလုပ်ရာတွင် ကုန်ကျမည့် ကုန်ကျမည့် အသုံးစရိတ်များ ​ပြောင်းလဲမည် မဟုတ်ဟု လည်း ဦးလှ​အောင်က ဆိုသည်။

“ယာဉ်ကို ဆေးရေးလုပ်တာ၊ စီးတီးဘောက်စ် ထည့်တာနဲ့ ယာဉ်မောင်းကဒ် ပြုလုပ်တာတွေ အားလုံးကို ယခင်စည်ပင်က သတ်မှတ်ထားတဲ့ အတိုင်းကျပ် ၁၁၅၀၀ နှုန်းအတိုင်းပဲ သတ်မှတ်ထားပါတယ်” ဟု ​ပြော သည်။

မြို့တွင်း အငှားယာဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရန်ကုန် စည်ပင်သာယာ​​ရေး ​ကော်မတီ လက်​အောက်ရှိ အငှားယာဉ်များ ထိန်းသိမ်း​ရေး ​ကော်မတီက လုပ်​ကိုင်ခဲ့ခြင်းဖြစ်ပြီး ယခုမှ မထသက လွဲ​ပြောင်း တာဝန်ယူရန်ရန်ကုန်တိုင်းအစိုးရက စက်တင်ဘာ ၃၀ ရက်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

Mizzima

မှတ်ချက်များ