![]() |
| အင်ဒိုနီးရှားမှာ မူးယစ်ဆေးမှောင်ခိုမှုနဲ့ သေဒဏ်စီရင်ခံရသူတွေရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ အရေးပေါ်ကား။ (ဇန်နဝါရီ ၁၇၊ ၂၀၁၅) |
ဒီလူ ၆ ယောက်ကို အင်ဒိုနီးရှားနိုင်ငံ Java အလယ်ပိုင်းဒေသမှာ တနင်္ဂနွေနေ့ မနက်လင်းအားကြီးမတိုင် ခင်က သေနတ်နဲ့ ပစ်ခတ်အဆုံးစီရင်ခဲ့တယ်လို့ ရှေ့နေချုပ်ရုံးက ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်သုံးစွဲသူအားလုံးနဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးမှ လုပ်မှာမဟုတ်ဘူးဆို တာကိုပြ တဲ့လုပ်ရပ် ဖြစ်တယ်လို့ အင်ဒိုနီးရှားရှေ့နေချုပ်က ပြောပါတယ်။
ဒီသေဒဏ်ပေးမှု လူသားဂုဏ်သိက္ခာနဲ့ ဖြစ်တည်မှုကိုငြင်းပယ်တဲ့ လက်မခံနိုင်စရာ ပြစ်ဒဏ်ဖြစ်တယ်လို့ Dutch နိုင်ငံခြားရေးဝန်ကြီး Bert Koenders က ပြောဆိုပါတယ်။
ခုလို သေဒဏ်ပေးလိုက်တာဟာ Brazil နဲ့ အင်ဒိုနီးရှားနှစ်နိုင်ငံဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်မှု ရှိလိမ့်မယ်လို့ BRAZIL အစိုးရက ကျေညာချက် ထုတ်ပြန်ပါတယ်။ Brazil နဲ့Netherlandနိုင်ငံသားတွေနဲ့အ တူ မာလာဝီ၊ နိုင်ဂျီးရီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကိုလည်း ပစ်ခတ် သေဒဏ်ပေးခံခဲ့ရပါတယ်။
အောက်တိုဘာလက တာဝန် စထမ်းဆောင်ခဲ့တဲ့ သမ္မတ Joko Widodo က မူးယစ်ဆေး တရားမဝင်
ရောင်းချ မှုကို ပြတ်ပြတ်သားသား ကိုင်တွယ် နှိမ်နင်းတယ်ဆိုတဲ့ သဘောထားကို ပြသတဲ့အနေနဲ့ မူး ယစ်မှောင်ခိုမှုတွေအတွက် အသနားခံစာတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။
VOA

မှတ်ချက်များ