Yazidis ၂၀၀ ကျော် IS ပြန်လွှတ်

အစ္စလာမ်မစ် စစ်သွေးကြွတွေ ပြန်လွှတ်ပေးခဲ့တဲ့ ရာဇာဒီတွေ Dohuk မြို့ကို မထွက်ခွာခင် မိခင်နဲ့အတူ တွေ့ရတဲ့ ဖမ်းဆီးခံရစဉ်အတွင်း ခြင်ကိုက်ခံရပြီး အနာတွေဖြစ်နေတဲ့ ကလေးနှစ်ဦး။ (ဇန်နဝါရီ ၁၈၊ ၂၀၁၅)
အီရတ်နိုင်ငံမှာ ၅ လလောက်ကြာအောင်ဖမ်းဆီးထားတဲ့ Yazidi တွေကို Islamic State စစ်သွေးကြွတွေ က ပြန်လွှတ်ပေးခဲ့ပါတယ်။ စနေနေ့က ပြန်လွတ်လာသူအားလုံးနီးပါးဟာ အသက်အရွယ်ကြီးရင့်နေကြ သူတွေ၊ မကျန်းမာသူတွေနဲ့ကလေးငယ်တချို့ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ Yazidi တွေကို Mosul မြို့ဆီကို ခေါ်သွား ဖမ်းဆီးထားပြီး အခု Mosul ကနေ ပြန်လွှတ်ပေး လိုက်တာဖြစ်တယ်လို့ ပြန်လွတ်လာကြ သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက Islamic State စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ Yazidi တွေဟာ Sinjar တောင်ပေါ်မှာ ထွက
ပြေးပုန်းခိုခဲ့ကြရပါတယ်။

အီရတ်နိုင်ငံထဲက ဒေသတော်တော်များများကို ဝင်ရောက်သိမ်းပိုက်တဲ့ Islamic State စစ်သွေးကြွတွေဟာ ရာဇီဒီ အမျိုးသားတွေကို ပစ်သတ်၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ဖမ်းဆီး၊ ကျွန်တွေအဖြစ်ရောင်းချ တာတွေ လုပ်ခဲ့ပါတယ်။

VOA


မှတ်ချက်များ