ဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု အတွက် တပ်မတော်သား ၃၀ ဦး၊ အရပ်သား ၁၀ ဦး၏ ဆံပင်နမူနာစစ်ဆေး
ကချင်တိုင်းရင်းသူ ဆရာမနှစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်သည်ဟု စွပ်စွဲချက်များ ရှိနေသည့် တပ်မတော်
ခြေမြန် တပ်ရင်း (၂၀၃) မှ စစ်ကြောင်း မှူးအပါအ၀င် တပ်ဖွဲ့ဝင် ၃၀ ဦး နှင့် အရပ်သား ၁၀ ဦး၏ ဆံပင်နမူ နာများကို မျိုးရိုးဗီဇ(ဒီအင်န်အေ)တိုက်ဆိုင်စစ်ဆေးရန် မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့သို့ ပေးပို့လိုက် ကြောင်း ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ် မိုးကပြောကြားသည်။
‘‘ဆရာမ နှစ်ဦးစလုံးရဲ့ လက် ထဲမှာ ဆံပင်ရှည်တွေ ဆုပ်ထား လျက်သား စစ်ဆေးတွေ့ရှိရ တယ်။ ဒီအမှုမှာ တပ်မတော်သား တွေကို စွပ်စွဲချက်ကရှိနေတော့ ကောင်းခါးရွာမှာ တာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင် ၃၀ ဦးရဲ့ဆံ ပင်တွေကို မနေ့က ယူခဲ့ပါတယ်။ မှုခင်းတပ် ဖွဲ့မှာ သွေး၊ သုက်ရည်၊ ဆံပင်နဲ့ လက်ဗွေတို့ကို စစ်ဆေးနိုင် တဲ့စက်တွေရှိပါ တယ်။အနည်းဆုံး တစ်ပတ်၊ နှစ်ပတ် တော့စောင့်ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်လို့အဆင် မပြေရင်လည်း ပြည်ပပို့ပြီး စစ်ရမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။.
ထို့အပြင် အမှုကျူးလွန် သည့် မသင်္ကာသူ အမျိုးသား တစ်ဦး၏ ဓာတ်ပုံရထားသည်ဆိုသည်မှာ လည်း သံသယအဆင့်သာဖြစ် နေပြီး သေဆုံးသူတစ်ဦး၏ လက်ကိုင်ဖုန်းထဲတွင်သေဆုံးသူနှင့်အတူဓာတ်ပုံ တွဲ ရိုက်ထားသူသာဖြစ် ကြောင်း၊ ထိုသူအပါအ၀င်ဆရာ မများ၏နေအိမ်သို့ အ၀င်အထွက်ရှိသူ၊ ၎င်းတို့နှင့် တွဲသွားတွဲလာရှိသူများနှင့်ကောင်းခါးကျေးရွာမှ ၎င်းတို့၏ အိမ်နီးချင်းတစ်ဝိုက် မှ ရွာသားများကို ရဲတပ်ဖွဲ့က
ခေါ်ယူစစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
‘‘အခင်းဖြစ်နေရာကို ကျွန် တော်တို့ သွားစစ်တော့ ဒီနေ့ (ဇန်န၀ါရီ ၂၃) အထိ သုံးရက်ရှိပါ ပြီ။ အခုထိစစ်
ဆေးချက်ရလဒ် တွေ၊ သဲလွန်စတွေနဲ့ သေဆုံးသူ များရဲ့ ဒဏ်ရာအနေအထားတွေ အရ ကျူးလွန်သူဟာ ခန့်မှန်းခြေ နှစ်ဦးထက်ပိုနိုင်တယ်လို့ ခန့်မှန်း ပါတယ်။ ဘယ်သူဘယ်ဝါကျူး လွန်တယ်ဆိုတာတော့ ခန့်မှန်း လို့ မရသေးပါဘူး’’ဟု ၎င်းကပြော သည်။ ‘‘ဒီအမှုမှာ သံသယအနေနဲ့ ဖမ်းဆီးစစ်ဆေးနေတာတော့ တစ်
ယောက်မှ မရှိသေးပါဘူး’’ဟု ရဲ မှူးကြီး အောင်မြတ်မိုးကပြောသည်။ယခုအမှုမှာ တပ်မတော် သားများ ကျူးလွန်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသ ခံအချို့က စွပ်စွဲမှုများရှိနေပြီး အ မေရိကန်အစိုး ရကလည်း ပြစ်မှု ကျူးလွန်သူများကို ဖော်ထုတ်အ ရေးယူရန် မြန်မာအာဏာပိုင်များ အား တိုက်တွန်းထား သည်။
ယခုအမှုကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)ကပါ ရဲ တပ်ဖွဲ့နှင့် ပူးပေါင်းစုံစမ်းနေကြောင်း တပ်မတော် မှ လာသော သတင်း များအရ သိရသည်။
‘‘စရဖက တစ်ဆင့်ရလာတဲ့ သတင်းတွေအရတော့ တပ်က ကျူးလွန်ခြင်းမဟုတ်တာ ၉၀ ရာ ခိုင်နှုန်း
လောက်သေချာနေပြီလို့ သိရတယ်’’ဟု တပ်မတော်ထောက် လှမ်းရေးအရာရှိတစ်ဦး ဆိုသည်။
တပ်မတော်သားများ ကျူး လွန်ကြောင်း အချို့က စွပ်စွဲပြော ကြားနေပြီး သက်သေအထောက် အထားမှာမူ မပြနိုင်ကြောင်းနှင့် တပ်မတော်သားများသာ အမှန်တကယ်ကျူးလွန်ပါက သည်းခံ မည်မဟုတ်ကြောင်းနှင့်
ပြင်းထန် သည့်အရေးယူမှုများပြုလုပ်မည် ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြား ရေးမှူး ဦးဇော်ဌေးက အေအက်ဖ် ပီ သတင်းအားပြောကြားသည်။
အေးသူစံ ၊ အောင်သစ်လွင် | 7day

မှတ်ချက်များ