ဗိုလ်ချုပ်ရာပြည့် ပင်လုံမှာလည်း ကျင်းပမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့နဲ့ တိုင်းရင်းသားပါတီအသီးသီးက လူငယ်တွေ ပူးပေါင်းပြီး လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ပင်လုံမြို့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုး စားမှု သမိုင်းတွေထဲက အရေးကြီးတဲ့ မြို့ဖြစ်တာ
ကြောင့် ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်မွေးနေ့ဂုဏ်ပြုပွဲကို ပင်လုံမြို့မှာ ကျင်းပဖို့ စီစဉ်တာဖြစ်တယ်လို့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့ တာဝန်ခံ ဒေါက်တာစိုးမိုးသူ က ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းမှာ အရမ်းအရေးကြီးတဲ့ မြို့တစ်မြို့ကျန်နေ ပါသေး တယ်၊ ကျနော်တို့မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရသွားတာက အဓိကကပင်လုံစာချုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း က တိုင်းရင်းသားအားလုံးကို စုစည်းနိုင်ခဲ့လို့သာ ကျနော်တို့အင်အား အကြီးကြီးတစ်ခုဖြစ် ပြီးတော့ အောင် ဆန်းအက်တလီ စာချုပ်ဆိုတာ ဖြစ်ပေါ်လာတာပါဖြစ်ပါတယ်၊ ပင်လုံစာချုပ်ချုပ်ဆိုထား တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်၊ ပြည်တောင်စုနေ့က ဖေဖော်ဝါရီ ၁၂ နေ့ပါ၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပါ၊ ဒီနှစ်ရက်ပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ နေရာတစ်ခုဖြစ်တဲ့ ပင်လုံမှာသွားပြီး ကျင်းပနေတာဖြစ်ပါတယ်”

၂ ရက်ကြာ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ထုတ်လွှင့်ပြသမှာဖြစ်ပြီး တိုင်းရင်း သားပေါင်းစုံရဲ့ ရိုးရာအကတွေကို ထည့်သွင်းဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ အဲ့ဒီ ဂုဏ်ပြုပွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့နဲ့ တိုင်းရင်းသားလူငယ်တွေ ဘုံသဘောတူညီချက် ထုတ်ပြန် သွားမယ်လို့လည်း သိရပါတယ်။

ပင်လုံမြို့မှာ ဗိုလ်ချုပ်ရာပြည့်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူ ငယ်အဖွဲ့ တာဝန်ခံ ဒေါက်တာစိုးမိုးသူကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

RFA


မှတ်ချက်များ