ထို့ပြင် စပါးဆိပ်ကျေးရွာနှင့် ကုလားကျကျေးရွာ ပတ်ဝန်းကျင်အား ဧပြီ ၂၇ ရက် နံနက်ပိုင်းမှ စတင်၍ တပ်မတော် စစ်ကြောင်းများက အသေးစိတ် ဖြန့်ခွဲ ရှင်းလင်းခဲ့ရာ ကုလားကျကျေးရွ၏ အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာရှိ သဘာဝကျောက်လိုဏ်ဂူ အတွင်း၌ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံ သေနတ် ၅ လက်၊ အမ်(၂၅)ပုံစံသေနတ် ၄ လက်၊ စုစုပေါင်း ၉ လက်အား သိမ်းဆည်းရမိခဲ့သည်။ ၎င်းနေရာဝန်းကျင်အား ဆက်လက်ရှင်း လင်း ရှာဖွေခဲ့ရာ ပေ ၅၀ ခန့်အကွာ၌ သစ်ရွက်များဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံ သေနတ် ၆ လက်နှင့် အမ်(၂၅)ပုံစံ သေနတ် ၄ လက်၊ စုစုပေါင်း ၁၀ လက်အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
သိမ်းဆည်းရမိသော လက်နက်မျိုးစုံ ၁၉ လက်အား အသေးစိတ်စိစစ်ခဲ့ရာ တစ်ဖက်နိုင်ငံထုတ် လက်နက်ပုံစံ အမျိုးအစားဖြစ်ပြီး လက်နက်များ၏ ကိုယ်ထည်တွင် စက်ဝိုင်းအတွင်း၌ ၇ ထောင့်ကြယ်ပုံပါရှိသည့် သင်္ကေတ၊ M-22 ၊ M-25 စသည့်သေနတ် အမျိုးအစားစာသားနှင့် KIA(ကချင်)အဖွဲ့ ကိုင်ဆောင်အသုံးပြုသည့် လက်နက်များ၏ သင်္ကေတဖြစ်သော KO အက္ခရာ ပါရှိသည့် သေနတ်နံပါတ်များ ရိုက်နှိပ်ထားကြောင်းနှင့် AA သောင်းကျန်း သူများမှ သိုဝှက်ထားကြောင်း သိရှိရသည်။
နယ်မြေအတွင်း AA သောင်းကျန်းသူများ ခိုအောင်းနေထိုင်ခြင်း မရှိစေရေး အတွက် တပ်မတော် စစ်ကြောင်းများက ဒေသခံပြည်သူများနှင့် အတူ ပူးပေါင်း၍ သတင်းဖော်ထုတ် ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ
.jpg)
မှတ်ချက်များ