နီပေါ ငလျင် သေဆုံးသူ တစ်သောင်းအထိရှိနိုင် ဟု နီပေါ ၀န်ကြီး ချုပ် ပြော
နီပေါနိုင်ငံတွင် ဧပြီလ ၂၅ ရက်က လှုပ် ခတ် ခဲ့သည့် ငလျင် ကြောင့် သေဆုံးသူ ၁၀၀၀၀ ထိ ရှိ လာနိုင်သည် ဟု နီပေါဝန်ကြီးချုပ်ကပြောကြောင်း ဧပြီလ ၂၈ ရက် CNN သတင်း တွင်ဖော်ပြသည်။
နီပေါနိုင်ငံတွင် ဧပြီ၂၅ရက်နေ့က ပြင်းအား ၇.၈ ရှိ ငလျင်လှုပ်ရာ မြို့တော် ခတ္တမန္ဒူအပါအ၀င် နေရာအနှံ့အပြားတွင် အဆောက်အဦများ ပြိုကျ၍ လူအများ သေကြေထိခိုက်မှုများရှိသည်။ ၂၆ ရက်နေ့တွင် တစ်ဖန် ပြင်းအား ၆.၇ရှိ နောက်ဆက်တွဲ ငလျင်လှုပ်ခဲ့ပြန်ရာ ပျက်စီးမှုများ ထပ်မံရှိခဲ့သည်။ အခုထိ သေဆုံးသူ (၄၄၀၀)ရှိနေပြီဖြစ်ရာ သေဆုံးသူ တစ်သောင်းအထိ ရောက်သွားနိုင်သည်ဟု နီပေါဝန်ကြီးချုပ် “ဘူရှီကွိုင်နာလာ”ကပြောသည်။
ခတ္တမန္ဒူ မြို့တော်၏ အနောက်ဘက်တွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အနီးအနား အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အိန္ဒိယတွင် ၇၂ ဦး နှင့် တရုတ်ပြည်တွင် ၂၅ ဦး သေဆုံးကြောင်း သိရှိရသည်။
ရာစုနှစ်ပေါင်းများစွာ ငလျင်ဒဏ်အမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့သော ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ ပျက်စီးကုန်သည်။
ဧ၀ရတ်တောာင်တွင် ရေခဲတောင်များပြိုကျ၍ တောင်တက်သမား ၁၇ ဦး သေဆုံးခဲ့သည်ဟုလည်း CNN သတင်း တွင်ဖော်ပြသည်။
Oriental News
.jpg)
မှတ်ချက်များ