မေ၀ယ်သာနှင့် ပက်ကွီအိုတို့၏ ပွဲလက်မှတ်များ မိနစ်ပိုင်းအတွင်း ရောင်းကုန်
အမေရိကန်လက် ဝှေ့ကျော် မေ၀ယ်သာနှင့် ဖိလစ် ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုတို့ လာ့စ်ဗီးဂက်စ်မြို့ MGM Grandအားကစားရုံ၌ မေလ ၂ ရက်တွင် ထိုးသတ်မည့် လက်ဝှေ့ပွဲအတွက် လက်မှတ်များ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားခဲ့ပြီး ချက်ချင်းဆိုသလို ကန်ဒေါ်လာ ၁၄၁,၀၀၀အထိများသော ဈေးနှုန်းဖြင့် ၀က်ဘ်ဆိုက်များတွင် ရောင်းချ နေကြောင်း သိရသည်။
လက်မှတ်ပေါင်း ၁,၀၀၀ မျှ သာ အများပြည်သူသို့ ရောင်းချခဲ့ ခြင်းဖြစ်ပြီး ကျန်နေရာပေါင်း ၁၅,၅၀၀ မှာ လက်ဝှေ့သမားများ၊ စပွန်ဆာများနှင့် လက်ဝှေ့ပွဲအ ရောင်းမြှင့်တင်သူများအတွက် ဖြစ်ကြောင်း သိရသည်။ လက် မှတ်ဈေးနှုန်းများကို ကန်ဒေါ်လာ ၁,၅၀၀ နှင့် ၇,၅၀၀ ကြား သတ်မှတ်ရောင်းချခဲ့သည်။
၎င်းတို့နှစ်ဦး၏ လက်ဝှေ့ပွဲကိုဖေဖော်ဝါရီကတည်းက ကြိုတင် စီစဉ်ထားခဲ့သော်လည်း လက်မှတ်ရောင်းချရေးသဘောတူညီမှုကို ယခုသီတင်းပတ်အတွင်းကမှ အ ပြီးသတ်နိုင်ခဲ့သည်။
ယင်းလက်ဝှေ့ပွဲအတွက် လက်မှတ်များကို MGM Grand ၏ ၀က်ဘ်ဆိုက်နှင့် Tickeck Master တို့မှ ဧပြီ ၂၃ ရက်က တရားဝင်ရောင်းချခဲ့သည်။ သို့ သော် eBay ကုမ္ပဏီပိုင်ဆိုင်သည့် အွန်လိုင်းဈေး Stub Hub ၀က်ဘ် ဆိုက်ကဲ့သို့ အွန်လိုင်းဈေးဝယ် ၀က်ဘ်ဆိုက်များတွင် ယင်းလက် မှတ်များကို ဈေးအပေါဆုံးကန် ဒေါ်လာ ၃,၅၁၁ မှစ၍ ချက်ချင်း ဆိုသလို ရောင်းချခဲ့သည်။
မေ၀ယ်သာ (၃၈) နှစ်နှင့် ပက်ကွီအို (၃၆) နှစ်မှာ ၎င်းတို့ မျိုးဆက်လက်ဝှေ့သမားများ၏ အပြောင်မြောက်ဆုံးလက်ဝှေ့သ မား နှစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၎င်းတို့၏ လက်ဝှေ့ပွဲမှာ ၀င်ငွေကန်ဒေါ်လာ သန်း၂၅၀ရမည်ဟု မျှော်လင့်ရသလို မေ၀ယ်သာမှာ ယှဉ်ပြိုင်ခဲ့သည့် ၄၇ ပွဲလုံး အနိုင်ရထားပြီး ၂၆ ပွဲကို အလဲထိုးအနိုင်ယူထားကာ ပက်ကွီအိုမှာ ၅၇ ပွဲနိုင်၊ ငါးပွဲရှုံးထားပြီး နှစ်ပွဲသရေကျထားသည်။
7day Daily

မှတ်ချက်များ