ကချင်ဆရာမလေး နှစ်ဦး အုတ်ဂူသို့ လူငယ်များ သွားရောက်ဂုဏ်ပြု


ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ် လူငယ်ထုညီလာ ခံတွင် စုဝေးရောက်ရှိနေသော ထောင်နှင့် ချီသည့် လူငယ်များ သည် ဧပြီ ၂၄ ရက် ညနေက ရှမ်း ပြည်နယ် မြောက်ပိုင်းကောင်းခါးကျေးရွာတွင် မုဒိမ်းကျင့်အသတ် ခံခဲ့ရသည့် ဆရာမ နှစ်ဦး၏ အုတ်ဂူရှိရာသို့ သွားရောက်ကာ အလေးပြုခဲ့ကြကြောင်း သတင်းရရှိ သည်။

ညီလာခံကျင်းပရာ မြစ်ကြီး နားမြို့ နောင်နန်းကျမ်းစာကျောင်း အေဒီ-၂၀၀၀ ခန်းမ ဆောင်မှ မိနစ် နှစ်ဆယ်ကြာလမ်း လျှောက်ရသည့် ဂျော်ဘွမ်အုတ် ဂူများရှိရာ ကချင်နှစ်ခြင်းခရစ် ယာန်သုသာန်သို့ သွားရောက်ခဲ့ ကြခြင်းဖြစ်သည်။ ထိုသို့သွား ရောက်ခဲ့ရာတွင် လူငယ်များသည် ကချင်နှစ်ခြင်းခရစ်ယာန်အလံနှင့် ကချင်အမျိုးသားအလံများကို ကိုင်ဆောင်ခဲ့ကြကြောင်း သိရှိရ သည်။

‘‘ကျွန်တော်တို့သည် ကျွန် တော်တို့ လူမျိုးများအတွက် အ သက်ပေးဆပ်ခဲ့သည့် ခင်ဗျားတို့ နှစ်ယောက်အား နှလုံးသားထဲ ထာဝရသတိရရင်း ဂုဏ်ပြုနေပါ မယ်’’ဟု ရောက်ရှိလာသည့် လူ ငယ်များက ပြိုင်တူရွတ်ဆိုကာ ဆရာမ နှစ်ဦးကို ဂုဏ်ပြုခဲ့ကြ သည်။

ထိုသို့ဂုဏ်ပြုစဉ်အချို့လူ ငယ်များသည် မျက်ရည်များနှင့် အတူ အော်ဟစ်ခဲ့ကြသည်ကို တွေ့ရသည်။ ထိုလူငယ်များသည် မြန်မာနိုင်ငံအနှံ့မှ လာရောက်ကာ ဧပြီ ၂၁ မှ ၂၇ ရက်အထိ နောင် နန်းရှိ ကချင်ဓမ္မတက္ကသိုလ်တွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ် လူငယ်ထုညီလာခံသို့ တက် ရောက်နေသည့် လူငယ်များဖြစ် ကြသည်။

‘‘ကျွန်တော်တို့ မိန်းကလေး တွေ အခုလိုကြုံရတာ မကျေနပ် ဘူး။ လွတ်လွတ်လပ်လပ်၊ လုံလုံ ခြုံခြုံနေထိုင်ချင်တယ်’’ဟု အဆိုပါဆရာမ နှစ်ဦးအား ဂုဏ်ပြုသည့် အစီအစဉ်နှင့်အတူ ကချင်နှစ်ခြင်း အဖွဲ့ချုပ် ဂျော်ဘွမ်သုသာန်သို့ ရောက်ရှိနေသည့် လူငယ် မ ဆိုင်းမွန်းက ဆိုသည်။

ဆရာမနှစ်ဦးသည် ရှမ်းပြည် နယ် မြောက်ပိုင်း ကောင်းခါးကျေး ရွာတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ရင်း ဇန်န၀ါရီ ၁၉ရက်ညက အဓမ္မကျင့်အသတ်ခံခဲ့ရခြင်းဖြစ်သည်။

7day Daily

မှတ်ချက်များ