ရွှေနဲ့ ပြုလုပ်ထားတဲ့ နှစ်ထပ်ကား


တရုတ်နိုင်ငံ၊ ရှန်ဒေါင်ဒေသမှာ ထူးခြားတဲ့ နှစ်ထပ်ကားကို ပြသမှု ပြုလုပ်ခဲ့ပါတယ်။ ဂျင်နန်မြို့မှာရှိတဲ့ လမ်းမ တစ်နေရာမှာ နှစ်ထပ်ကားကို ပြသခဲ့ရာမှာ စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်ထပ်ကား ကို ရွှေအစစ်နဲ့ သုတ်လိမ်း ထားတာကြောင့် ဖြစ်ပါတယ်။ နှစ်ထပ်ကားဟာ ရွှေအဆင်း အရောင်ကြောင့် တောက်ပြောင်နေပြီး လာရောက် ကြည့်ရှုသူတွေကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။ ဒီကားကို အက်စ်ဂျိုနို ကုမ္ပဏီက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကားရဲ့ အတွင်းပိုင်းမှာလည်း ရွှေနဲ့ သက်ဆိုင်တဲ့ လက်ဝတ် ရတနာတွေကိုလည်း တပ်ဆင်မှု ပြုလုပ်ထားပါတယ်။ ဒီကားမှာ ပါဝင်တဲ့ ရွှေတန်ဖိုး ကတော့ ယွမ်ငါးသန်းခန့်ရှိ တယ်လို့ ခန့်မှန်းထားပြီး ဒေါ်လာဖြင့် တွက်ချက်မယ် ဆိုပါက ဒေါ်လာ ရှစ်သိန်းနီးပါး ရှိတယ်လို့ သိရပါတယ်။ ထူးခြားတာ ကတော့ ကားကို မိတ်ဆက် ပြသရာမှာ မော်ဒယ်တွေကို အသုံးပြုခဲ့ပါတယ်။

ဒီမော်ဒယ်တွေ ကိုလည်း ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်စေမှု ပြုလုပ် စေခဲ့ပါတယ်။ မော်ဒယ်တစ်ဦး ၀တ်ဆင်ထားတဲ့ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ အ၀တ်အစားဟာ ယွမ်တစ်သန်း တန်ဖိုး ရှိတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ဒီလို ကြွားဝါမှုမျိုးကို နှစ်သက်မှု ရှိတာမို့ ငွေကြေး အကုန်အကျခံကာ ပြုလုပ်လေ့ ရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

messenger

မှတ်ချက်များ