မိုင်းလုံမြို့နယ်ခွဲ အပိုင် သဇေကျေးရွာ အနီး၌ ခေါင်းပြတ်နေသော ဘုန်းကြီး အလောင်း တစ်လောင်း၊ အမျိုးသား အလောင်း တစ်လောင်းနှင့် အမျိုးသမီး အလောင်းတစ်လောင်း တို့အား နေ့လယ် (၁၁း၀၀)နာရီခန့် တွင် တွေ့ရှိခဲ့ပြီး နေ့လယ်(၂း၀၀) နာရီကျော်တွင် အဆိုပါ အနီး၌ နောက်ထပ် အမျိုးသမီး တစ်လောင်းအား ထပ်မံတွေ့ရှိခဲ့ သောကြောင့် သဇေကျေးရွာ အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ကာ မိုင်းလုံ ရဲစခန်း၌ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့် ထားသည်။
အခင်းဖြစ်နေရာကို အခုချိန်ထိ သွားလို့ မရသေးပါဘူး။ နယ်မြေ အနေအထားအရ အဲဒီနေရာက အင်မတန်ကြမ်းတဲ့ နေရာပါ။ အလောင်းကို အခု အချိန်ထိတော့ သယ်ယူလို့ မရသေးပါဘူး။ ကျွန်တော်တို့ ကြိုးစားနေတုန်း ပါ။ အလောင်း ကိုလည်း ထင်းခုတ် သွားတဲ့ ရွာသားတွေ ကပဲ စတွေ့ တာပါ။ သူတို့ အပြောအရ ဆိုရင်တော့ ဟုတ်ပါတယ်။ ဘုန်းကြီးအလောင်း အပါအ၀င် လေးဦးပါ။ ဘုန်းကြီး ကတော့ ခေါင်းပြတ်နေ ပါတယ် ဟု ကျောက်မဲ မြို့နယ် ရဲစခန်းမှ ရဲမှူးကြီး ဦးဝင်းခိုင်က ဆက်ပြောသည်။
ကျောက်မဲမြို့နယ် ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါအခင်း ဖြစ်နေရာတွင် လက်နက်ကိုင် တပ်ဖွဲ့ RCSS, SSCA နှင့် TNLA တို့ လှုပ်ရှား သွားလာသော နေရာ ဖြစ်ကာ ကျောက်မဲမြို့၏ နယ်စွန်နယ်ဖျား နေရာ တစ်ခု ဖြစ်ကြောင်းနှင့် မည်သူမျှ မသွားရဲသော နေရာတစ်ခု ဖြစ်ကြောင်း ရဲမှူးကြီးက ဆက်ပြောသည်။
စစချင်းတွေ့တော့ သင်္ကန်းတစ်ထည် သစ်ပင်မှာ ချိတ်နေတာကို စတွေ့တယ် ပြောပါတယ်။ နောက်မှ အလောင်းတွေကို တွေ့တာပေါ့။ အလောင်းတွေ ကတော့ တော်တော် ရုပ်ပျက်နေ ပါပြီး။ ပုပ်ပွနေတာပေါ့။ ဘယ်သူ့ လက်ချက်လဲ ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဒီနေ့ ဒေသခံတွေ ပြောပြချက် အရတော့ အဲဒီ အခင်းဖြစ် ဧရိယာကို လက်နက်ကိုင် အဖွဲ့က လူခုနစ်ယောက်လောက်လာ လေ့လာတယ် ပြောတယ်။ ဒါကလည်း စဉ်းစား စရာပေါ့။ အခု ထိတော့ ရဲတွေကော လူမှုကူညီရေး အသင်းတွေကော အလောင်းဝင် သယ်ဖို့ ကြိုးစားနေ ကြတယ်။
ဒါပေမဲ့လည်း အဲဒီဧရိယာက မိုင်းတွေရှိတဲ့ ဧရိယာ ဆိုတော့ တော်ယုံတော့ မ၀င်ရဲကြဘူး ဖြစ်နေတာ ဟု ကျောက်မဲမြို့မှ မြို့မိ မြို့ဖ တစ်ဦး ဖြစ်သူ ဦးတင်မောင်သိန်းက ပြောသည်။ အဆိုပါ သေဆုံးသွားသူ လေးဦးမှာ ကျောက်မဲမှ မိုးကုတ်-ပြင်ဦးလွင် ကားလမ်းအတိုင်း ဧပြီလ(၁၃)ရက်မှ နေ့တွင် ကားဖြင့် ထွက်သွား ခဲ့ပြီး ပျောက်ဆုံး နေရာ ယခုလ(၂၄) ရက်နေ့မှ ပြန်တွေ့ခဲ့ခြင်း ဖြစ်ပြီး ၎င်းင်းတို့စီးနင်းခဲ့သော ကားမှာမူ ယခုအချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
The Messenger
The Messenger

မှတ်ချက်များ