မြန်မာနိုင်ငံတွင် ၂၀၁၄ ဇွန်လမှစ၍ ၂၀၁၅ ဧပြီအတွင်း လူကုန်ကူးမှု ၁၂၁ မှု ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၃၀၁ ဦး ကယ်တင်နိုင်ခဲ့ရာ လူကုန်ကူး တရားခံ ၂၃၈ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရ ရှိသည်။
အမှုပေါင်း ၁၂၁ မှုအနက်၄၅ မှုကို စီရင်ချက်ချနိုင်ခဲ့ပြီး လူကုန် ကူးမှုပြုလုပ်သော တရားခံ ၁၁၁ ဦးလွတ်မြောက်နေဆဲ ဖြစ်ကြောင်းကိုဧပြီ ၂၂ နှင့် ၂၃ ရက်တို့၌ ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်သော (၂၈) ကြိမ်မြောက် အာဆီယံနိုင်ငံများ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ အထူးတပ်ဖွဲ့မှူးများ၏အစည်း အဝေး၌ တင်ပြခဲ့ကြောင်း ရဲမှူး ချုပ်ဝင်းနိုင်ထွန်းက ပြောသည်။ ‘‘အခုလတ်တလော ဖြေရှင်းရ မယ့် အင်ဒိုနီးရှားမှာ ဖြစ်နေတဲ့ကိစ္စ တွေရယ်။ စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်ဖော်တွေ အကြမ်းဖက်ခံရမှုတွေ၊ ခေါင်းပုံဖြတ်ခံရမှုနဲ့ မလေးရှားနိုင်ငံမှာ မြန်မာလုပ် သားတွေ ပြည်နှင်ဒဏ်ပေးခံရမှုအကြောင်းတွေပါ။ အဲဒါတွေကို တင်ပြခဲ့ပါတယ်’’ ဟု ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူး မှုအမျိုးအစား ငါးမျိုးရှိပြီး ၎င်းတို့ မှာ အဓမ္မလက်ထပ်စေခိုင်းမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊အဓမ္မ အလုပ်စေခိုင်းမှု၊ ကြွေးမြီနှောင် ဖွဲ့ စေခိုင်းမှုနှင့် အဓမ္မ မွေးစားမှုတို့ ဖြစ်ကြောင်း ရဲမှူးချုပ်က ရှင်းပြသည်။
မြန်မာနိုင်ငံမှ လုပ်သားများ လူကုန်ကူးစေလွှတ်မှုခံရသော နိုင်ငံများမှာ တရုတ်၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily

မှတ်ချက်များ