ရှေးဟောင်း ဘုရားကျောင်းမှ ပစ္စည်းတွေ ခိုးယူဖို့ မြေကျင်းတူး ကြံစည် ထားခြင်းကို ဖမ်းဆီးနိုင်ခဲ့
တရုတ်နိုင်ငံမှာ ရှိတဲ့ လူဆိုးဂိုဏ်း တစ်ခုဟာ ရုပ်ရှင်ဇာတ်ကားတွေက အတိုင်း မြေကျင်းတူးပြီး ပစ္စည်းတွေ ခိုးယူဖို့ ကြံစည်ခဲ့ ပေမယ့် ရဲတပ်ဖွဲ့က အချိန်မီ တားဆီးနိုင်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ရေးသား ဖော်ပြထား ပါတယ်။ လူဆိုးဂိုဏ်းတွေဟာ နှစ်ပေါင်း (၁၄၀၀) သက်တမ်းရှိ ရှေးဟောင်း ဘုရားကျောင်းက ပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရာမှာ ဘယ်သူမှ မထင်မှတ်တဲ့ ပုံစံကို အသုံးပြုခဲ့ ပါတယ်။
ရှေးဟောင်း ဘုရားကျောင်းရဲ့ အနီးအနားမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို ငှားရမ်းခဲ့ ပါတယ်။ ဒီနောက် စားသောက်ဆိုင်မှာ မြေအောက် ကျင်းတူး ပြီး ရှေးဟာင်းဘုရား ကျောင်းဆီကို သွားနိုင်ဖို့ ဥမင်ပုံစံမျိုး ဖောက်ခဲ့တာ ဖြစ်ပါတယ်။ အနက်က ခုနစ်မီတာ လောက်ရှိပြီး၊ ဥမင် အရှည်က မီတာ (၅၀) အထိရှိနေ တာကြောင့် အတော်လေး ခရီးပေါက်နေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့က အချိန်မီ တားဆီးနိုင်ခဲ့ တာကြောင့် ရှေးဟောင်းလက်ရာ တွေကို ကာကွယ်နိုင်ခဲ့ ပါတယ်။ ဒီလူဆိုးဂိုဏ်းကို ဦးဆောင်သူပာာ အရင် ကလည်း အခုလိုမျိုး ကျူးလွန်ခဲ့ဖူး တယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ခေါင်းဆောင် ဖြစ်သူပာာ မြေကျင်းတူးတဲ့ နေရာမှာ အလွန်တော်ပြီး ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အထူးသဖြင့် ဆောက်လုပ်ရေး ပစ္စည်း တွေကို ရဖို့ တစ်လနီးပါး စုဆောင်းခဲ့ရ ပါတယ်။ မြေကျင်းကို သေသပ်စွာ တူးယူခဲ့ပြီး ရှေးဟောင်း ဘုရားကျောင်းဆီကို ရောက်ခါနီးမှာ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ရှစ်ဦး ပါဝင်ခဲ့ပေမယ့် ငါးဦးသာ ဖမ်းဆီးနိုင်ခဲ့ ပါတယ်။ ဒီဖြစ်ရပ်ပာာ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဇန်ဒီကောင့်တီ အရပ်ဒေသမှာ ဖြစ်ပွားခဲ့ တာလို့ သိရပါတယ်။
messenger

မှတ်ချက်များ