သစ်ပင်ကို မင်္ဂလာဆောင်တဲ့ သူ


Richard Torres လို့ အမည်ရတဲ့ အမျိုးသား တစ်ယောက်ဟာ ဒုတိယမြောက် သစ်ပင်တစ်ပင်ကို လက် ထက်လိုက်ပါပြီ။ ပထမဦးဆုံး အနေနဲ့ အာဂျင်တီးနား နိုင်ငံ၊ Buenos Aries မြို့က သစ်ပင် တစ်ပင်ကို လက်ထက်ခဲ့ခြင်း ဖြစ်ပြီး ယခု တစ်ပင်က Colombia မှ ဖြစ်ပါတယ်။

သူ့ရဲ့ မင်္ဂလာဆောင်မှာ သစ်ပင်ပတ်လည်မှာ သစ်သီးများ၊ စားစရာများ ဝိုင်းလည်ပြီး ဧည့်သည် မိတ်ဆွေ အနည်းငယ် ဖိတ်ကြားခဲ့ ပါတယ်။ သူဟာ နောက်ထပ်လည်း သစ်ပင်တွေကို လက်ထက် အုံးမတဲ့။

ရည်ရွယ်ချက် ကတော့ ကမ္ဘာကြီးရဲ့ ရာသီဥတု ပြောင်းလဲလာမှုကို ကမ္ဘာက သတိထားလာ မိ စေရန် ဖြစ်ပြီး သစ်တော ပြုန်းတီးလာမှုကို ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သူဟာ သစ်ပင်တွေကို ချစ်မြတ်နိုးသူ ဖြစ်ပြီး သစ်ပင်များအား ခုတ်လဲခြင်း၊ ဖျက်ဆီးများ ပြုလုပ်ပြီး ပြုန်းတီးနေမှုများကို ရပ်တန့်ရန် ရည်ရွယ်လို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

အောင်ခမ်း - ရိုးရာလေး

မှတ်ချက်များ