ပြန်ပေးဆွဲခံရသူနှစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မိမိတွင် အပြည့်အ၀ တာဝန်ရှိသည်ဟု အိုဘားမား ပြောကြား


ပါကစ္စတန်နိုင်ငံ တွင်းရှိ အယ်လ်ကိုင်ဒါ အဖွဲ့၏ စခန်းတစ်ခု အပေါ်သို့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် အတွင်း ပြန်ပေးဆွဲ ခံရသူနှစ်ဦး ဖြစ်သည့် အမေရိကန် နှင့် အီတလီ နိုင်ငံသားတို့ မတော်တဆ သေဆုံးခဲ့ရမှု နှင့် ပတ်သက်၍ မိမိတို့အနေဖြင့် တာဝန်ယူ သွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ပြောကြား လိုက်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကို ဇန်နဝါရီလ အတွင်းက လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှုတွင် အယ်လ်ကိုင်ဒါ အဖွဲ့၏ ခေါင်းဆောင် တစ်ဦးဖြစ်သည့် အာမက် မာရက်ခ် လည်း သေဆုံး သွားခဲ့ကြောင်း၊ ထို့အပြင် ၄င်းအဖွဲ့၏ အင်္ဂလိပ် ဘာသာ စကားပြော ကျွမ်းကျင်သူ အေဒမ်ဂါဒါ သည်လည်း သီးခြား လေကြောင်း တိုက်ခိုက်မှု တစ်ခုတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ၏ အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေး စစ်ဆင်ရေး လုပ်ငန်း အားလုံးအတွက် မိမိ အနေဖြင့် သမ္မတတစ်ဦး အနေဖြင့် သော်လည်းကောင်း၊ စစ်သေနာပတိချုပ် တစ်ဦး အနေဖြင့် သော်လည်းကောင်း အပြည့်အဝ တာဝန်ယူကြောင်း၊ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြန်ပေးဆွဲ ခံရသူနှစ်ဦး သေဆုံးခဲ့ ရခြင်းနှင့် ပတ်သက်၍ အလွန် ဝမ်းနည်း မိကြောင်း၊ အမေရိကန် ပြည်ထောင်စု ၏ အစိုးရအဖွဲ့ ကိုယ်စား သေဆုံးသူ နှစ်ဦး၏ မိသားစုဝင် များကို မိမိ အနေဖြင့် လှိုက်လှိုက်လှဲလှဲ တောင်းပန် ကြောင်း၊ ကျန်ရစ်သူ မိသားစု များအား နစ်နာကြေး ပေးအပ် သွားမည် ဖြစ်ကြောင်း အိုဘားမား က ဧပြီ ၂၃ ရက်တွင် ပြောကြား ထားကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ