မြေအောက် နျူစက်ရုံ တည်ဆောက်နိုင်လို့ အင်ဒိုဆို
အင်ဒိုနီးရှားနိုင်ငံမှာ ၁၀ နှစ်အတွင်း မြေအောက်မှာ နျူကလီးယား စက်ရုံ တည်ဆောက်နိုင်တယ်လို့ အင်ဒိုနီး ရှား အစိုးရက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၂၅၀ ရှိပြီး ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။
အဲလောက် များတဲ့ လူဦးရေကို စွမ်းအင်တွေ လုံလုံလောက်လောက် ဖြန့်ဝေပေးဖို့ ရုန်းကန်နေရတာဖြစ် ပါတယ်။
ဒါကြောင့် မြေအောက်မှာ နျူကလီးယား စွမ်းအင်စက်ရုံကို ၁၀ နှစ်အတွင်း တည်ဆောက်ဖို့ အစိုးရက စဉ်း စားထားပါတယ်။
ဒါပမယ့် အင်ဒိုနီးရှားနိုင်ငံမှာ နျူကလီးယား စက်ရုံ တည်ဆောက်မယ့် ကိစ္စကို ဆန့်ကျင်မှုတွေ ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မြေငလျင် ကြော သုံးခုပေါ်မှာ တည်ရှိနေတာကြောင့် ငလျင်ဒဏ်ကို မကြာခဏ ခံ ရလေ့ရှိပါတယ်။
ဒါကြောင့် မြေအောက်မှာ နျူကလီးယား စွမ်းအင်စက်ရုံထားရှိတာက အလုံခြုံဆုံးပဲ ဖြစ်မယ်လို့ ဒုသမ္မတက ပြောပါတယ်။
ဂျားဗားကျွန်းပေါ်က Gunung Muria ဒေသရဲ့ မြေအောက်မှာ တည်ဆောက်ဖို့ သင့်တော်မယ်လို့လည်း အင် ဒိုနီးရှား အစိုးရက ပြောကြောင်း George Roberts က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia

မှတ်ချက်များ