စဥ့်ကိုင်မြို့နယ် နန်းနီကျေးရွာအုပ်စု နန်းနီ မြောက် ရွာတွင် ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်က ဒေါ်ဝင်း
ကြည်နေအိမ်မှ အိုးဖုတ်လုပ်ငန်း လုပ်ကိုင်ရင်း မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ စဥ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ကား လေးစီး၊ ကျောက်ဆည် မီးသတ်ဦးစီးဌာနမှ မီးသတ်ကား နှစ်စီး၊ တံတားဦးမြို့နယ်မှ နှစ်စီးနှင့် ကျောက် ဆည်မြို့နယ် သံရွာကျေးရွာမှ မီးသတ်ကား တစ်စီး၊ ပလိပ် မှ မီးသတ်ကား တစ်စီး စုစုပေါင်း မီးသတ်ကား ၁ဝ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂ဝ နှင့် ကျေးရွာနေပြည်သူများ၏ ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၁ နာရီ ၃၅ မိနစ် တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အိမ်ခြေ (၆၁)အိမ် မီးလောင် ဆုံးရှုံးပြီး လူဦးရေ ၂၆ဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရွာဦး

ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ယာယီ စခန်းဖွင့်လှစ်၍ ကူညီထောက်ပံ့မှုနှင့် ကျန်းမာရေး
စောင့်ရှောက်မှုများကို အနီးကပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ကျောက်ဆည်) - The Mirror Daily

မှတ်ချက်များ