လင်မယားရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူက မိန်းမကို ဓားဖြင့်ခုတ်သတ်


ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် မင်းလှမြို့နယ် ထောက်ကြန့် အုပ်စု ဆားချောင်းကျေးရွာတွင် ဧပြီ ၂ဝ ရက် မွန်းလွဲပိုင်းက လင်မယား စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ် ပွားခဲ့သည်။

ဦးတင်နှောင်း(၅၅ နှစ်) ကျပန်း အလုပ်လုပ်ကိုင်သူနှင့် ဒေါ်အေးငြိမ်း (၅၅ နှစ်) ကျပန်းအလုပ်လုပ်ကိုင်သူ တို့ လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဦးတင်နှောင်းမှာ အရက် မူးလွန်ကာ စိတ်မထိန်းနိုင်ဘဲ ဇနီး ဖြစ်သူ ဒေါ်အေးငြိမ်းကို ဓားဖြင့်ခုတ် သတ်ခြင်းကြောင့် ဒဏ်ရာများနှင့် သေဆုံးသွားကြောင်း၊ ပြစ်မှုကျူးလွန် သူကို မင်းလှမြို့နယ် စစ်ကွင်း ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(iprd) - Myanmaalinn

မှတ်ချက်များ