ကသာမြို့နယ်တွင် မိန်းကလေးတစ်ဦး ပိုးသတ်ဆေး သောက်ကာ မိမိကိုယ်ကို အဆုံးစီရင်
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ကသာမြို့နယ် အောက်ဝဲကြီးကျေးရွာ တွင် မိန်းကလေးတစ်ဦး ပိုးသတ်ဆေး သောက်ကာ မိမိကိုယ်ကို အဆုံးစီရင်သော သေမှုသေခင်း တစ်မှု ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် ညနေ ၆နာရီခွဲတွင် ကသာမြို့မရဲစခန်း ဒုရဲအုပ် ရဲတင့် တာဝန်မှူး ဆောင်ရွက် နေစဉ် အောက်ဝဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဖွန်းလေးက အောက်ဝဲကြီး ကျေးရွာနေ မသက်သက်ခိုင် အသက်(၂၂)နှစ်သည် ၄င်းနေထိုင်သော အခင်းတဲတွင် ပိုးသတ်ဆေး သောက်၍ သေဆုံးနေကြောင်း သတင်းပို့သဖြင့် ကသာမြို့မ စခန်းမှူး ဒုရဲမှူးမိုးသူရိန်၊ တာဝန်မှူး ဒုရဲအုပ် ရဲတင့်၊ နယ်ထိန်းတပ်ကြပ်ကြီး သန်းအောင်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ နှင့်အတူ သွားရောက်စစ်ဆေးရာ မသက်သက်ခိုင်သည် ပါးစပ်မှသွေးများ အန်ထွက်နေပြီး ၄င်း၏ဘေးတွင် သြဘာအမှတ်တံဆိပ်ပါ ပိုးသတ်ဆေးဘူး (ဆေး ရည်အနည်းငယ်သာ ကျန်ရှိနေသော) ပိုးသတ်ဆေးဘူးအား တွေ့ရှိရ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ရဲရင့်(ကသာ) - The Mirror Daily

မှတ်ချက်များ